♤16♤

2.9K 393 50
                                    

"ကြင်ယာတော် မင်းသားငယ်"

လက်သည်းကိုက်ကာ တစ်ခုခုကို စဉ်းစားနေဟန်ပြုသော မင်းသားလေးမှာ အထိန်းတော်ကြီး လျှောက်တင်နေသော်ငြား စိတ်ထဲမရှိပေ။

"မင်းသားငယ်လေး~"

အထိန်းတော်ကြီးလဲ အနားနားကပ်ကာ အသံတိုးတိုးဖြင့် လျှောက်တင်ရှာလေသည်။

"အမလေး! လန့်လိုက်တာ အထိန်းတော်ကြီးရာ"

ရင်ဖက်တော်လေးဖိကာဖြင့် အလန့်တကြားဖြစ်သွားလေသော ကြင်ယာတော်လေး။

ထို့အတူ အထိန်းတော်ကြီးသည်လည်း ကြင်ယာတော်လေးအသံကြောင့် လန့်သွားရလေသည်။

"ကျွန်တော်မျိုး လျှောက်တင်တော်မူနေတာ ကြာမြင့်ပါပြီ ကြင်ယာတော်လေး"

"အဟင်း! လျှောက်တင် လျှောက်တင်"

"ပွဲတော်တည်ဖို့မင်းကြီးက အခေါ်တော်ပါးလိုက်ပါတယ် ကြင်ယာတော်လေး"

"ဘယ်အချိန်ရှိပြီလဲ အထိန်းတော်ကြီး"

"နေစောင်းနေပါပြီ ကြင်ယာတော်လေး"

"ဘာရယ်!"

အမလေး ဘာလို့အချိန်တွေက ဒီလောက်တောင်မြန်နေရတာလဲလို့။

ဟူစ်း~ မင်းကြီးနေ့လည်က ကိစ္စတွေမေ့သွားပါစေဘုရား။

မိုးနတ်မင်းကြီးကယ်တော်မူပါ။

"ကြင်ယာတော်လေး ကြွမြန်းဖို့အချိန် ကျရောက်လို့လာပါပြီ"

ကြွဆိုတော့လဲ ကြွရုံပေါ့။

ဒီလိုအချိန်ဆို မင်းကြီးဘေးမှာ ကုတ်ကပ်နေတက်တဲ့ လုံးတုံးမရှိတာနာတယ်ကွာ။

လုံးတုံးရေ လုံးတုံးရဲ့ ပြန်ကြွပါတော့ Byun လေး လွမ်းတော်မူနေပါပြီနော်။

နန်းမြင့်ဆောင်ပေါ်ကနေပြုံး၍ကြည့်နေသော မင်းကြီးကိုတော့ ပွစိပွစိလုပ်ကာ အတွေးများနေသော ကြင်ယာတော်လေး မမြင်မိပါလေ။

"Tao~"

အနောက်တွင် သတိအနေအထားဖြင့်ဆောင်ထားဆွဲကာရပ်နေသော ကိုယ်ရံတော်တပ်မှူးလေးကို အသံတိုးတိုးဖြင့်သာ ခေါ်လိုက်သည်။

Consort ByunWhere stories live. Discover now