ကိုယ့်ရဲ့အိမ်ရှေ့စံ (သို့မဟုတ်) မေပယ်လ်တို့ရဲ့သခင်

14K 925 80
                                    

Zawgyi

2019 ခုနှစ် ဂျပန်နိုင်ငံ အိုကီနာဝါမြို့

ခရမ်းပြာရောင်ပန်းခင်းလေးရဲ့အဆုံးမှာ ဆွေးရိပ်သန်းနေ သည့် တစ်ထပ်တိုက်ပုလေးတစ်လုံးရှိသည်။ ဧည့်ခန်းထဲက
တီဗီအဟောင်းလေးရှေ့မှာ ကော်ဖီတစ်ခွက်သောက်ရင်း
မနက်ခင်း နိုင်ငံတကာသတင်းကို ကြည့်နေသည့် လူတစ် ယောက်။ ခပ်ဆွေးဆွေးလေး ပြုံးရိပ်သန်းနေသည့် ထိုသူရဲ့ မျက်ဝန်းတွေကတော့ဖြင့် တီဗီပေါ်က ပုံရိပ်လေးကြောင့် တောက်ပလျက်ရှိနေသည်။

"ဦးငယ်လေးရေ... ဒီမှာ.. စာ"

ခြံထဲက တစ်ဦးထဲသော အလုပ်သမားလေး၏ အသံစာစာ လေးကြောင့် အထဲကိုဝင်လာခဲ့ဖို့ အသံပေးလိုက်သည်။

"Aki... မနက်စာ စားပြီးရဲ့လား"

"စားပြီးပြီ... ဦးငယ်။ ဒီမှာ စာ.."

Aki က Jungkook၏ အမေးကိုဖြေရင်း ခြံရှေ့
စာထည့်သည့်ပုံးလေးထဲက ယူလာသည့် စာအိတ်လေးကို တရိုတသေကမ်းပေးသည်။

"ဦးငယ်ကတော့ ကိုရီးယားက သတင်းတွေကိုဆို သိပ်စိတ်ဝင်စားတာပဲနော်။ ကိုရီးယားလူမျိုးလို့မပြောရဘူး"

Akiရဲ့ စကားကြောင့် မျက်မှန်ကိုင်းလေးကို ပင့်တင်ရင်း
တစ်ချက်ပြုံးလိုက်သည်။ ကိုယ်စိတ်ဝင်စားတာ ထိုနိုင်ငံဘက် က သတင်းတွေထက် ထိုနိုင်ငံရဲ့ ဘုရင်မင်းမြတ်အကြောင်း ကိုဆိုတာသာသိရင် Aki တစ်ယောက် လှောင်ရယ်နေ ဦးမည်။

"ကျွန်တော် ခြံထဲသွားနှင့်မယ် ဦးငယ်"

"ကောင်းပြီ"

Aki လှမ်းပေးသည့် စာအိတ်လေးကြောင့် Jungkook ရဲ့ ဝဲဘက်ရင်အုံက အချက်ပေးသံတစ်ချို့ ထမြည်လာသည်။

တန်ဖိုးကြီးရေမွှေးနံ့မျိုး သင်းသင်းကလေး မွှေးပျံ့ နေသည့် ခရမ်းနုရောင်စာအိတ်လေးရဲ့အပေါ်က လိပ်စာတစ်ချို့နှင့် သမားတော် Joon ၏ ခပ်သော့သော့ လက်ရေးတစ်ချို့
ကြောင့် အထဲက စာကိုဖွင့်မဖတ်ရသေးစေကာမူ ပျော်ရွှင်ခြင်း လမ်းစတစ်ခု ဆိုတာကိုတော့ Jungkook ခံစားလိုက်မိ သည်။

ဖုံးကွယ်ထားလို့မရနိုင်သည့် ပျောက်ကွယ်နေခဲ့သာ ပျော်ရွှင်ခြင်းတစ်ချို့က Jungkook ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုအဖြစ် နေရာယူသည်။

🎉 You've finished reading ကိုယ့်ရဲ့အိမ်ရှေ့စံ ကိုယ့်ရဲ့အိမ်ရှေ့စံ (My_Enthusiasm_C 🎉
ကိုယ့်ရဲ့အိမ်ရှေ့စံ  ကိုယ့်ရဲ့အိမ်ရှေ့စံ (My_Enthusiasm_CWhere stories live. Discover now