First Love Story....
အသံလွှင့်ဖို့ ၅စက္ကန့်အလို...
*5. 4. 3. 2. 1... go*
*အချစ်ဦးဆိုတာ နွေဦးရဲ့လေပြည်တွေလိုမျိုးပေါ့ နူးညံ့နွေးထွေးတယ်။ ကိုယ့်ဘဝရဲ့ပထမဦးဆုံးဖြစ်တည်လာတဲ့ ၁၅၀၀အချစ်ရဲ့ပိုင်ရှင်။ ပထမဆုံးရင်ခုန်သံ...
အချစ်ဦးဇာတ်လမ်းတိုင်းက ကြေကွဲစရာဖြစ်ရင်တောင်လှပကြပါတယ်။ တစ်ဘဝလုံးအတွက် မမေ့နိုင်မယ့်အမှတ်တရတစ်ခုပဲလေ။
ဒီတစ်ပါတ်အတွက်ရွေးပေးထားတဲ့ အချစ်ဦးဇာတ်လမ်းလေးကိုပေးပို့ထားတဲ့သူကတော့ ပတ်ချန်းယောလ်တဲ့။ ကျွန်တော်နဲ့အတူစီးမြောခံစားကြည့်ရအောင်။
ရေဒီယိုကနေလွှင့်နေတဲ့အသံလေးကိုနားထောင်ပြီး ချန်းယောလ် ပြုံးလိုက်သည်။ ဒီတစ်ပါတ်တော့ သူ့ရဲ့အချစ်ဦးအကြောင်းလေးကိုဖတ်ပြပြီပေါ့။ တိုက်တိုက်ဆိုင်ဆိုင် သူလဲဒီနေ့ပဲနိုင်ငံခြားကိုသွားတော့မှာ။ ပြတင်းပေါက်မှန်ကိုချလိုက်ပြီး မျက်နှာကိုရိုက်ခတ်လာတဲ့လေတွေကိုမျက်လုံးမှိတ်ကာခံစားရင်းနဲ့ သူ့ရဲ့ချစ်ဦးပုံပြင်လေးထဲကိုတစ်ခေါက်ဝင်ရောက်ခဲ့တော့သည်...
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
ကျွန်တော်ရဲ့ အချစ်ဦးအကြောင်းကို ပြောဖို့ ကျွန်တော့်ရဲ့
ငယ်ဘဝ အထက်တန်းကျောင်းသားဘဝကို ပြန်သွား
ကြရအောင် ။ ။အချစ်ဆိုတာ တကယ်တော့ အရမ်းနူးညံ့တယ် ။ အင်း
ဘယ်လိုပြောရမလဲ သူ့ဘက်ကချစ်သည် ဖြစ်စေ မချစ်
သည် ဖြစ်စေ ကိုယ့်ဘက်က ချစ်နေဖို့ပဲ ချစ်တတ်ရင်
အရာရာကတကယ်လှပပါတယ် ။အထက်တန်း ပထမဦးဆုံး စတက်နေ့မှာပဲ ပတ်ချန်း
ယောလ်ရဲ့ ထုံးစံအတိုင်း အိပ်ယာထနောက်ကျပါလေ
ရော ။"အားရှီး ပထမဆုံးနေ့မှာပဲအိပ်ယာထနောက်ကျရတယ်
လို့ကွာ"
YOU ARE READING
🧡ALWAYS🧡
FanfictionCollaboration with springdream and myat lay Only Chansoo one shot collection ❤️