အပိုင်း ၅" ဟဲ့ စားလို့ကောင်းချက်ဟာ ပျားရည်လေးကိုချိုနေတာပဲဟဟီဟီ"
" ဒေါ်ချိုတို့ကလေ အစားချည်းတစ်လိုင်းပဲ ပျားရည်က အမူးပြေဖျော်သောက်ဖို့ဟ "" အမယ်လေး ဒေါ်ယမင်းရယ် ကျမကမြည်းကြည့်ရုံလေးပါနော် အများကြီးရှိသေးတယ်"
" ရှုး ယမင်း နဲ့ ချို တိတ်တိတ်နေ မမဝင်းသန့်ဖုန်းပြောနေတာ ကျမ ကြားခဲ့တယ်တော့"
ကားနောက်ဖုံးကိုဖွင့်ထိုင်ကာ ပျားရည်လုနေကြသော ယမင်းနှင့် ချို တို့နှစ်ယောက် နာနာ့စကားကြောင့်တိတ်သွားကြသည်။
" အင်းပါ ပြန်လာမှာ ဟိုလူရီးတွေကတွေ့ဖို့မဝယ်လို့ပါကွာ ဒီက သူ့ကိုသာအချစ်ဆုံးပဲဟာပဲကို "
"^~^ဟဲ့ ပလုတ်တုပ် ယမင်းရ ခြေထောက်တက်မနင်းနဲ့ဟ နာထှာ "
" ရှူး ယမင်းနဲ့ချို တိတ်တိတ်နေပါဆို"
ဝင်းသန့်မွန်စကားပြောနေသည်ကို နားထောင်နေသည့် ချို၊ နာနာ နှင့် ယမင်းတို့သုံးဦးကတော့ကြားမှာလဲစိုးရသည်။ ချို့မှာယမင်းခြေထောက်တက်နင်းမိသည်ကိုပင် ဂရုမစိုက်အား နားထောင်ချင်လှသဖြင့် ကျိတ်မှိတ်နေရသည်။
"ဟယ် ဟယ် ဟိုမှာ ဖက်တီးတော့ ဖက်တီး ဒီကိုလာနေတာတော့"
ကားဘေးမှထွက်လာကာ ပြောလိုက်သော အိန္ဒြာ၏ စကားကြောင့် သုံးယောက်သားနားထောင်ရင်းရင်ထဲပင်ဒိန်းကနဲ မြည်သွားကြသည်။
' ကတောင်´
ဖက်တီးဆိုသည့် အသံကြောင့်ဝင်းသန့်မွန်တစ်ယောက် ချစ်ချစ်နှင့် စကားပြောနေသည် ဖုန်းကို ကတောင် ခနဲ မြည်အောင် ပိတ်ပစ်လိုက်သည်။
" ဘယ်မှာလဲ ဖက်တီး ဘယ်မှာလဲဟင်"
ဖုန်းကိုတွေ့ရာနေရာပစ်ချကာ လာမေးနေသော ဝင်းသန့်မွန်မှာ ပြေးလာကာ လာမေးတော့သည်။
" ခွီး::::::"
လေးယောက်သား မမဝင်းသန့်မွန်ကို ကြည့်ကာရယ်မိကြတော့သည်။
