Chapter 29

9.5K 1K 41
                                    

ကိုယ်​ဝန်​ရကတည်းက Luli ​မီးဖို​ဆောင်​မဝင်​နိုင်​​တော့ဘူး။ခံတွင်းပျက်​ပြီး ​အော့အန်​တာ​တွေဖြစ်​လာလို့ Chai Shilin စိုးရိမ်​ခဲ့ရ​သေးသည်။ လှုပ်​လှုပ်​ရှားရှားလုပ်လွန်းလို့ တစ်​အိမ်​လုံးကရှိခိုးမတတ်​ သူ့ကိုငြိမ်နေခိုင်းရသည်။ သူတခုခုဖြစ်​ရင်​ Chai Shilin​ဒေါသက သူတို့​ပေါ်ကျလာမှာ။ ဒါ​ကြောင့်​Luliရဲ့တစ်နေ့တာအလုပ်က က​လေးအတွက်​အနှီးဖြူ​တွေ သိမ်းဆည်းစု​ဆောင်း​နေရသည်။ Chai Shilin ပြန်​​ရောက်​လာ​တော့ ပျင်းရိပျင်းတွဲဖြစ်နေတဲ့Luliအပြေးလာကြိုသည်။

" ​ယောကျာ်း .... "

Chai Shilinက လက်​ကာပြပြီး အပြင်​မထွက်​လာ​စေချင်​တဲ့အမူအရာပြသည်။ သူအိမ်​ထဲဝင်​လာပြီး ဓားအိမ်တောင်မချွတ်ပဲ Luliအနားအရင်​ဆုံးသွားသည်။

" ​နေထိုင်​လို့အဆင်​​ပြေရဲ့လား။ "
" အင်း။ "
" အန်​​သေးလား။ "
" ဒီမနက်​​တော့မအန်​​သေးဘူး။ ​လနဲနဲရင့်​လာလို့ဖြစ်​မယ်​။ "

Chai Shilin အိပ်​ခန်းထဲဝင်​ကာ အကျီလဲသည်။ သူပြန်​ထွက်​လာ​တော့ အ​ပေါ်ဝတ်​ကိုခပ်ဖျော့ဖျော့နီညို​ရောင်​လဲလိုက်သည်။ ​က​လေးရှိလာကတည်းက အိမ်​​မှာဆိုသူနီနီရဲရဲ​တွေမဝတ်​​တော့။ အနက်​လည်း​ရှောင်​လိုက်​တယ်​။ ဘာကြောင့်လည်းဆို​တော့ အဲ့​အ​ရောင်​​တွေမြင်​ရင်​ Luliမအီမသာဖြစ်​ရလို့။

" Moသခင်​မက ​သား​​မွေးတယ်​။ "

သူယူလာတဲ့သတင်းကို ​ပြောပြလိုက်​သည်။ Luliရဲ့ဗိုက်​ကိုကြည့်​​နေလို့မဝ၊ လက်​နဲ့တို့လိုက်​သည်။ မသိမသာပူ​နေတဲ့​​ဗိုက်​​ကြောင့်​ Luliလည်းကိုယ်​ဝန်​​ဆောင်​အဝတ်​​ပြောင်းဝတ်​​ရသည်။ ​လျှော့ကြိုးနဲ့အကျီ​တွေကို Moသခင်​မချုပ်​​ပေးထားခြင်း။ အများစုက ​Luliဓာတ်ကျနေသည့်ရွှေ​ရောင်​​ပိုးသားတွေ။ နန်းတွင်းမှာပဲရတဲ့ ​ရွှေကြိုးနဲ့သီးသန့်​ချုပ်​ထားရသည်။ Chai Shilin​ အပ်​ချုပ်​ဌာနမှာ ဓားပြတိုက်​သလို​ယူလာခဲ့တဲ့ ​ရွှေကြိုး​တွေကို အမှန်တကယ်တော့ ဘုရင့်မျိုးဆက်တွေသာ ဝတ်ဆင်ခွင့်ရသည်။ Luliရဲ့ချဉ်​ခြင်းက နန်းတွင်းမှာပဲရနိုင်​တာ​တွေဖြစ်သည်။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now