💞 Intro 💞

101 13 2
                                    

# Seoul မြို့ Samcheong-ro မှာ ရှိတဲ့ Kukje Art Gallery #

စ​နေ​နေ့ ရုံးပိတ်​ရက်​မို့ လူ​တော်​​တော်​များများ Gallery သို့ လာ​ရောက်​ကြ​သော်​လည်း အရမ်းကြီး ကြိတ်​ကြိတ်​တိုး​နေတာမျိုးမဟုတ်​..

ဟိုတစု ဒီတစုဖြင့်​သာ ချိတ်​ဆွဲထား​သော ဓာတ်​ပုံများကို ကြည့်​ရင်း ​ဆွေး​နွေးစကားဆို​နေကြသည်​​..

Gallery ထဲရှိ ဓာတ်​ပုံများမှာ အဖြူအမည်းကိုသာ သုံးထားပြီး အများစုမှာ အနီးကပ်​ရိုက်​ချက်​များပင်​..

"ဒီလိုပုံမျိုး​တွေကို ရိုက်​ရတာ ဘာလို့ ဝါသနာပါတာလဲ.. "

ရွှန်းလဲ့​တောက်​ပ​နေသည့်​ မျက်​ဝန်းတစုံမှ မျက်​လုံးတဖက်​ထဲကို အနီးကပ်​ရိုက်​ထားသည့်​ ဓာတ်​ပုံတပုံ၏​ရှေ့တွင် ရပ်​ကြည့်​​နေ​သော​​ ​ကျောင်းသူအရွယ်​ မိန်းက​လေးတစုက ရပ်​ကြည့်​ရင်း ​​မေးလိုက်​သည့်​​ ​မေးခွန်းသံ​ကြောင့်​ Gallery ထဲရှိလူအားလုံး၏ မျက်​လုံးအစုံက တ​နေရာထဲသို့ ​ရောက်​ရှိလာပြီး စိတ်​ဝင်​တစား နားစွင့်​​နေကြသည်​..

"ဒီလို အနီးကပ်​ပုံ​တွေရိုက်​ရတာကို ကြိုက်​တယ်​..
ဘာလို့လဲဆို​​တော့ ဒီလိုပုံ​တွေက တခုခုကို မြင်​သာ​စေတယ်​..
ဥပမာ​ပြောရရင်​ မြင်​ကွင်းကျယ်​နဲ့ ရုတ်​တရက်​ကြည့်​လိုက်​ရင်​ မမြင်​နိုင်​တဲ့ အရာမျိုး​ပေါ့.. "

ကျော​ပေးထားတာ​ကြောင့်​ ​ကျောပြင်​ပဲမြင်​ရသည့်​တိုင်​ မြင့်​မားတဲ့အရပ်​နဲ့ တည်​ငြိမ်​တဲ့အသံ​ကြောင့်​ Gallery ထဲရှိ မိန်းက​လေးအများစုက ပို၍စိတ်​ဝင်​စားစွာ နား​ထောင်​​နေကြသည်​..

မေးခွန်း​မေးလိုက်​သည့်​​ကောင်​မ​လေးက​တော့ ထိုသူနဲ့ မျက်​နှာချင်းဆိုင်​ထားတာ​ကြောင့်​ စကားအဆုံး ပြုံးလိုက်​တဲ့အခါ လှစ်​ခနဲ ​ပေါ်လာသည့်​ ပါးချိုင့်​​လေး​ကြောင့်​ ​မေးလက်​စ​မေးခွန်းကို ဆက်​မ​မေးနိုင်​​တော့..

"ဒါဆို အနီးကပ်​ရိုက်​တဲ့အခါ Focus ကို ဘယ်​မှာထားရမလဲ.. "

ထို​ကျောင်းသူအုပ်​စုထဲမှ ​ကောင်​မ​လေး​နောက်​တ​ယောက်​က​နေ ​မေးခွန်းထပ်​​မေးလိုက်​​ပေမယ့်​ သူမဆီ​ရောက်​ရှိလာတဲ့ အကြည့်​တချက်​​ကြောင့်​ ရှက်​ပြုံး​လေးပြုံးကာ ​ခေါင်းငုံ့သွား​လေရဲ့..

You've reached the end of published parts.

⏰ Last updated: Jan 14, 2019 ⏰

Add this story to your Library to get notified about new parts!

Crazy Little Thing Called First Love Where stories live. Discover now