အပိုင်း-၅

5.2K 322 5
                                    

Zawgyi

'အရှင့်​သား ဘာရှာ​နေတာလဲ​'

သစ်​ပင်​​အောက်​မှာ ​တောင်​​မျှော်​ကြည့်​လိုက်​ ​မြောက်​​မျှော်​ကြည့်​လိုက်​ လုပ်​​နေ​သော အိမ်​​ရှေ့စံကို ​မေးရ​တော့သည်

မ​မေးလို့လဲမရ ရာဇအိ​နြေ္ဒ​တောင်​ မထိန်းနိုင်​​အောင်​ ပျာယာခတ်​နေတာပဲကြည့်​​လေ

'သစ်​ပင်​​ပေါ်က ​ကောင်​မ​လေး​လေ'

ချန်​ကျူ အ​ပြေးအလွှား စဉ်းစားရ​တော့သည်

သူ​တွေ့တာက သစ်​ပင်​​အောက်​က ခုန်​ဆွခုန်​ဆွ တစ်​​ယောက်​ထဲ အဲ့တစ်​​ယောက်​​တောင်​ မျက်​နှာကို ​သေချာမမြင်​လိုက်​ရ

'သစ်​ပင်​​ပေါ်မှာ ရှိ​သေးတယ်​လား'

'ချန်​ကျူ မင်းအမြင်​အာရုံ​တွေပါ မ​ကောင်း​တော့တာလား'

သူပဲ အ​လျော့​ပေး နှုတ်​ဆိတ်​​နေလိုက်​​တော့သည်

'အဲ့​ကောင်​မ​လေး ဘယ်​သူလဲ ​သေချာသိချင်​တယ်​ မြန်​မြန်​စုံစမ်း​ပေး'

'ဟမ်​ ကျွန်​​တော်​မျိုး မ​တွေ့လိုက်​ဘူး​လေ'

'မင်းဟာ​လေ ဘယ်​နားမှ သုံးစားမရဘူး'

အော်​ ​အော်​ ခု​တော့ အဲ့လို​ပြောပြီ​ပေါ့​လေ

ဝတ်​ရုံစကြီးဆွဲကာ ရှုးရှုးရှဲရှဲနှင့်​ ထွက်​သွားလို့ ချန်​ကျူပဲ ​ပြေးလိုက်​ရပြန်​သည်

အိမ်​​ရှေ့စံစိတ်​ထဲမှာ​တော့ ဒီက​လေးမ မိခါနီးမှ လွတ်​သွားရတယ်​လို့ ဟင်း

'မမ​လေးရယ်​ ​အော့လီတက်​ခူး​ပေးပါမယ်​ဆို ဘာလို့ တက်​သွားရတာလဲ တစ်​​ယောက်​​ယောက်​မြင်​သွားရင်​ ဘယ်​လိုလုပ်​မလဲ'

ပန်းပင်​ကို အိုးထဲမှာ အမြတ်​တနိုး ထည့်​စိုက်​ရင်း ​အော့လီ ​ပြောတာ​တွေကို ပြုံးပြုံး​လေးပဲ နား​ထောင်​​နေလိုက်​သည်

'ရှန့်​ဟွာက အပင်​ပါလိုချင်​လို့ပါ လှတယ်​​နော်​'

'အဲ့အချိန်​ကြီး အိမ်​​ရှေ့စံ​ရောက်​ချလာရင်​ ဘယ်​လိုလုပ်​မလဲ'

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Tempat cerita menjadi hidup. Temukan sekarang