လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်အချိန်…
မိုးတွေအုံ့မှိုင်းနေတဲ့ဇွန်လ၏နေ့လေးတစ်နေ့
တွင်တော့“ ဝေမိုး…မင်းမိန်းမကသားဦးမွေးတာဆိုတော့
ဆေးရုံမသွားပဲအိမ်မှာမွေးလို့ဖြစ်ပါ့မလား…”မြင့်မိုရ်ရိပ်အိမ်တော်၏သခင်ကြီးဦးမာန်ကျော်ကစိတ်
ပူစွာပြောလိုက်တဲ့စကားကြောင့်“ သခင်ကြီး…ကျွန်တော့်အမျိုးသမီးကိုဆေးရုံမှာသွားမွေးဖို့ပြောပါတယ်…ဒါပေမယ့်အမျိုးသမီးက
အိမ်မှာပဲမွေးမယ်ပဲပြောနေတော့…သူစိတ်ချမ်းသာ
ရင်ပြီးရောဆိုပြီးကျွန်တော်လည်းဘာမှထပ်မပြော
တော့တာပါ…”မြင့်မိုရ်ရိပ်အိမ်တော်ရဲ့ကားဒရိုင်ဘာဦးဝေမိုးက
သူ့သခင်ကြီးကိုရှင်းပြရင်းအိမ်ပေါ်မှဇနီးသည်ကလေး
မွေးရတာအဆင်ပြေရဲ့လားဆိုတဲ့စိတ်နဲ့လည်တဆန့်
ဆန့်ဖြစ်နေလေသည်။@@@@@@@@@@@@@@@@@
ထိုနေ့ကကျောင်းပိတ်ရက်မို့လို့မြင့်မိုရ်ရိပ်
အိမ်တော်ထဲကဧည့်ခန်းအတွင်းမှာတော့
ဆယ်နှစ်သားအရွယ်ကလေးငယ်လေးနှစ်ဦးဖြစ်တဲ့
နေမုန်းမာန်နှင့်ရောင်နီဦးတို့သူငယ်ချင်း
နှစ်ယောက်လည်းအရုပ်တွေနဲ့ဆော့နေကြလေသည်။@@@@@@@@@@@@@@@@@
အူဝဲ…အူဝဲ…အူဝဲ
အိမ်အပေါ်ကနေကလေးငိုသံကြားတာနဲ့
“ သခင်ကြီး…ကျွန်တော့်အမျိုးသမီးမွေးပြီဗျာ့…
ဘာလေးလဲမသိဘူး…”ဦးမာန်ကျော်လည်းသူ့ကိုပြောရင်းပျော်လွန်းလို့ခုန်ဆွ
ခုန်ဆွဖြစ်နေတဲ့သူ့ဒရိုင်ဘာဦးဝေမိုးကိုကြည့်ကာ
ပြုံးနေမိလေသည်။“ ကိုဝေမိုးရေ…အိမ်ပေါ်တက်ကြည့်လို့ရပါပြီ…
ကလေးကရှင့်နဲ့တူလို့ထင်ပါ့…ချစ်စရာလေး…
ရှင်တော့သားချောလေးရတာပဲ…”ဦးဝေမိုးတစ်ယောက်လက်သည်အဒေါ်ကြီး၏
ပြောစကားကြောင့်ပါးစပ်နားရွက်ချိတ်မတတ်ပြုံး
ပျော်ရင်း“ သခင်ကြီး…ကျွန်တော့်သားလေးကိုသွားကြည့်
လိုက်အုံးမယ်နော်…”