“ သားနေ…လာ…အဖေ့အနားမှာလာထိုင်…”
ဦးမာန်ကျော်လည်းသားဖြစ်သူကိုသူ့အနားမှာလာထိုင်
ဖို့ပြောလိုက်တော့“ ဟုတ်…”
နေမုန်းမာန်လည်းထိုမျှသာပြန်ပြောလိုက်ပြီးတော့
မိုးဦးနဲ့အတူသူ့အဖေအနားမှာဝင်ထိုင်လိုက်ကာ“ ရောင်နီ…ငါတို့အနားမှာလာထိုင်…အဲဒီမှာရပ်
မနေနဲ့…မင်းလည်းဒီအိမ်ကအိမ်သားပဲ…”ရောင်နီလည်းသူ့သူငယ်ချင်းနေဒေါသအလွန်
ထွက်နေပြီဆိုတာရိပ်မိတဲ့အတွက်ဘာမှမပြောတော့ပဲနဲ့နေနဲ့မိုးဦးအနားကထိုင်ခုံမှာဝင်ထိုင်လိုက်လေသည်။“ ကဲ…အိမ်သားတွေစုံပြီဆိုတော့…အဖေ
ပြောစရာရှိတာပြောတော့မယ်…သားနေ…ဒီအန်တီကမနေ့ညတုန်းကဖေဖေသားကိုပြောပြထားတဲ့အဖေနဲ့လက်ထပ်မယ်ဆိုတဲ့အန်တီလေ…ဒီနေ့မနက်ပဲ
အဖေတို့နှစ်ယောက်တရားရုံးမှာလက်ထပ်ပြီးတော့
သူတို့သားအမိကိုဒီအိမ်အပြီးခေါ်လာခဲ့တာ…အခု
ချိန်ကစပြီးဖေဖေတို့မိသားစုလေးယောက်ပျော်ပျော်
နေကြတာပေါ့…”ဦးမာန်ကျော်လည်းသူပြောသမျှကိုမကြားချင်ယောင်
ဆောင်ကာသူ့ကိုဒေါသငယ်ထိပ်ရောက်နေတဲ့မျက်
နှာထားနဲ့ကြည့်နေတဲ့သားနေဘက်ကိုကြည့်ကာ
ပြောလိုက်ပြီးတော့မှ“ မဒီ…ဒါကကိုယ့်ရဲ့သားလေးနေမုန်းမာန်…
သားလေးကကိုယ့်ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့
White Diamondရဲ့CEOလေ…
သူ့ဘေးမှာထိုင်နေတဲ့ကောင်လေးနာမည်ကမိုးဦးညို…
နောက်ကောင်လေးတစ်ယောက်ကရောင်နီဦး…
ရောင်နီကသားနေရဲ့အနီးကပ်ကိုယ်ရံတော်…
သူတို့သုံးယောက်စလုံးကညီအစ်ကိုအရင်းထက်မကချစ်ကြတာ…ကဲ…ကိုယ့်ဘက်ကမိတ်ဆက်ပေးပြီး
ပြီ…မဒီရဲ့သားလေးနဲ့ကိုယ့်သားကိုမိတ်ဆက်ပေး
အုံး…”ဦးမာန်ကျော်ရဲ့ပြောစကားကြောင့်ဒေါ်မဒီခိုင်လည်းသူ့ဘက်ကိုမိုက်ကြည့်ကြည့်လာတဲ့
နေမုန်းမာန်ဆိုတဲ့ထိုကလေးရဲ့မျက်နှာထားကြောင့်စိတ်တိုလာကာထရိုက်လိုက်ချင်တဲ့အတွက်“ မဒီခိုင်…စိတ်လျော့…စိတ်လျော့…မာန်ကျော်
ဆိုတဲ့လူကိုရဖို့…နင်မနည်းကြိုးစားထားရတာ…
ဘာမဟုတ်တဲ့ကလေးတစ်ယောက်အတွက်နဲ့…
နင့်အကြံအစည်တွေပျက်လို့မဖြစ်ဘူး…သားလေး
မာယာနောင်ရေးအတွက်…နင်အစစအရာရာသည်းခံ
ရမယ်…”