နောက်တစ်နေ့မနက်…“ မင်းမာယာ…မင်းကငါ့သူငယ်ချင်း…ယာယာမ
ဟုတ်လား…”အိမ်အပြင်ဘက်ကဒန်းပေါ်မှာအဖြူအစိမ်းဝတ်စုံနဲ့
ထိုင်နေတဲ့မင်းမာယာလည်းသူ့ကိုစကားလာပြောတဲ့
သူ့နဲ့အသက်အရွယ်တူတဲ့ထိုကောင်လေးကိုသေချာ
ကြည့်လိုက်တော့မှ“ ဟာာ…ငညို…မင်းကငါ့သူငယ်ချင်းမိုးဦးညိုပဲ…
ငါလူတောင်မှားတယ်…မတွေ့တဲ့ငါးနှစ်မှာမင်းအရမ်း
ချောလာတယ်သူငယ်ချင်း…”မိုးဦးညိုလည်းသူ့ကိုမှတ်မိသွားတဲ့မာယာအနားမှာ
ဝင်ထိုင်လိုက်ပြီးတော့“ အဲဒီလိုပြောတဲ့မင်းကငါ့ထက်တောင်အများ
ကြီးချောသေးတယ်…”ပြောလိုက်ပြီးတော့သူ့သူငယ်ချင်းယာယာလက်ကို
သူ့လက်ဖြင့်ဆုပ်ကိုင်လိုက်ကာ“ ယာယာ…တကယ်တော့ငါမနေ့ကတည်းကမင်းဆိုတာသိပေမယ့်…ကိုမာန်ငါ့ကိုခေါ်သွားတာ
ကြောင့်မင်းကိုနှုတ်ဆက်စကားမပြောဖြစ်
လိုက်တာ…ငါအိမ်ပြန်ရောက်လာတော့လည်းမင်းနဲ့အန်ကယ်စကားပြောနေတာနဲ့…မိုးလင်းမှပဲမင်း
နဲ့အေးဆေးစကားပြောတော့မယ်လို့တွေးပြီး
ငါ့အိမ်ငါပြန်လိုက်တာပေါ့…
ဟွန့်…လူဆိုးလေး…ပြောကိုမပြောချင်ဘူး…
ငါ့လိုသူငယ်ချင်းအရင်းခေါက်ခေါက်ကြီးကို…
မင်းကမမှတ်မိဘူးပေါ့လေ…ငါ့မှာတော့မင်းကို
မြင်မြင်ချင်းမှတ်မိတယ်…”သူ့သူငယ်ချင်းငညိုရဲ့စကားကြောင့်မာယာလည်း
စိတ်မကောင်းဖြစ်မိသွားကာ“ ငါမင်းကိုချက်ချင်းမမှတ်မိတဲ့အတွက်တောင်းပန်
ပါတယ်ငညိုရာ…မနေ့တုန်းက
ကိုကိုနေမုန်းကိုကြောက်လို့ခေါင်းမမော့ကြည့်ရဲတဲ့ငါ့အဖြစ်ကိုမင်းလည်းမြင်တာပဲ…အဲဒီအချိန်တုန်းက
ကိုကိုနေမုန်းမျက်နှာကိုတောင်ငါခိုးကြည့်မိလို့မြင်ဖူးလိုက်တာ…”မိုးဦးညိုလည်းသူ့ကိုပြောရင်းမြေကြီးကိုခေါင်းငိုက်
စိုက်ကာကြည့်နေတဲ့မာယာကြောင့်“ ယာယာစုတ်…ကိုမာန်ကျတော့မြင်တယ်…အဲဒီ
ဘေးနားမှာထိုင်နေတဲ့ငါ့ကိုကျတော့မမြင်ဘူးဆိုတဲ့
သဘောပေါ့…”