-7- (Surprise)

83 19 14
                                    

Unicode

ရယ်ပြီးရင်ငိုရတတ်တယ်ဆိုတာ လောကဓမ္မတာပေလား?
ဒါဖြင့် ဒီနာကျင်စရာတွေပြီးရင်ကော ပျော်စရာတွေတဖန်ပြန်လာနိုင်မလား?
~•~

ဆေးရုံကုတင်ထက်ဝယ်ဖျော့တော့စွာ
လှဲလျှောင်းနေတဲ့ထိုလူသားကိုကြည့်ပြီး နဲနဲလေးမှစိတ်မချမ်းသာ...

ခေါင်းမှဖြူဖွေးဖွေးပတ်တီးတို့သည်လည်း ခန့်ငြားတဲ့မျက်နှာလေးနဲ့မလိုက်ဖက်လှစွာ...

ဖြစ်နိုင်လျှင် အဲ့ဒီရင်အုပ်ကျယ်ကြီးကို တဖုန်းဖုန်းထုရိုက်ပြီး ကိုယ့်ကိုယ်ကိုအဲ့လောက်ထိဖြစ်အောင် လုပ်ရသလားဟုဆူပူချင်စမ်းပါဘိ။

အဲ့ဒီ ဦးဟာ ကျွန်တော့်ကိုဆို စိတ်ပူအောင်သိပ်လုပ်တာ...။

ဒီနေ့နဲ့ဆို ဦးသတိလစ်နေတာ၂ရက်တိတိရှိနေပြီ။
ဆရာဝန်ကမစိုးရိမ်ရတော့ပါဘူးဟုဆိုသော်ငြား စိုးရိမ်မိပါ၏။

အကယ်၍များခေါင်းကဒဏ်ရာအရှိန်ကြောင့် ကျွန်တော့်ကိုမေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ??

အတွေးနဲ့တင် တင်းကျပ်လာတဲ့ ဝဲဘက်ရင်အုံနဲ့အတူမျက်ရည်တစ်စက်က ပေါက်ခနဲလိမ့်ကာဆင်းသည်။

"မြန်မြန်သတိရလာပေးပါ ဦးရယ်..."

ရေပတ်တိုက်ပေးလက်စအဝတ်လေးကို ရေခွက်ထဲပြန်ချကာ နှစ်ယောက်မရှိတဲ့ချစ်ရသူရဲ့လက်ဖမိုးပေါ်သို့ အနမ်းတစ်ပွင့်ခြွေလို့ မျက်နှာနုနုအားငေးစိုက်ကြည့်နေမိသည်။

"မျက်နှာလေးကချောင်ကျသွားလိုက်တာ ဦးရယ်"

မျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီကို လက်နဲ့ခပ်ဖွဖွတို့ထိပြီး မချိတင်ကဲရေရွတ်မိသည်။

တကယ်ပဲမျက်နှာလေးဟာ ချောင်ကျသွားလိုက်တာများ သိသိသာသာပင်..

တစ်ဖန်ဘယ်ဘက်လက်ဖမိုးပေါ်သို့ အကြည့်လွှဲမိတော့ သွယ်တန်းထားတဲ့ ဆေးပိုက်အသွယ်သွယ်ကြောင့် ရင်ထဲမကောင်း...

"နာနေတော့မှာပဲ ဦးရယ်.... ဦးကိုနာအောင်လုပ်တဲ့ အဲ့ဆေးပိုက်တွေကို သည်းငယ်မုန်းလိုက်တာ..."

ချယ်ရီမြေက အလွမ်းတေး~ Zawgyi+UniWhere stories live. Discover now