ကျွန်မချစ်သူ သို့မဟုတ် Daddy အချစ်ဦး
2.2K 150 37
"Fany ရေစာကြည့်ခန်းထဲကစားပွဲပေါ်မှာ
ကျန်ခဲ့တဲ့Daddy မျက်မှန်လေးသွားယူ
လာခဲ့ဦး "
ရေချိုးပြီးညစာစားဖို့အတွက်
အခန်းထဲကထွက်လာတဲ့သူမအဖေရဲ့
စေခိုင်းချက်ကြောင့်Fany
TV ကြည့်နေရာကထကာစာကြည့်ခန်း
ထဲကျန်ခဲ့တဲ့မျက်မှန်ကိုသွားယူပေးဖို့
လုပ်လိုက်သည်
စာကြည့်ခန်းထဲကစားပွဲပေါ်မှာရှိတဲ့သူမ
အဖေရဲ့မျက်မှန်ကိုယူပြီးပြန်ထွက်ဖို့အလုပ်
စားပွဲပေါ်ရှိစာအုပ်ကြားထဲမှဓာတ်ပုံလေး
တစ်ပုံအစွန်းထွက်နေတာကြောင့်ဘာရယ်
မဟုတ်သူမယူကြည့်လိုက်မိတော့
ဓာတ်ပုံထဲမှာကင်မရာကိုကြည့်ကာ
ရယ်ပြနေသောကောင်လေးနှင့်ကောင်မလေး
"Wow...ချစ်စရာလေးတွေ
ဒါက daddy ပဲ
ဘေးကတစ်ယောက်က
ဘယ်သူများပါလိမ့်
Mommy လဲမဟုတ်ဘူး"
ဓာတ်ပုံထဲကသူမအဖေဖက်ထားသောမိန်းကလေး
ကိုသေချာကြည့်ကာမိမိအသိထဲကဘယ်သူ
များပါလိမ့်ဆိုပြီးစဉ်းစားနေမိသည်
Daddy အသိထဲမှာဒီလိုမျက်နှာမျိုး
သူမတစ်ခါမှမမြင်ဖူးပါ
မိန်းကလေးကDaddy ထက်တော့ငယ်ပုံရသည်
Daddy မှာညီမတွေဘာတွေရှိသည်ဟုလည်း
တစ်ခါမှမကြားဖူးဘူး
ဒီမိန်းကလေးကဘယ်သူများပါလိမ့်
တစ်ယောက်တည်းစဉ်းစားခန်းဖွင့်နေတုန်း
စာကြည့်ခန်းထဲဝင်လာတဲ့သူမအဖေကြောင့်
ဓာတ်ပုံလေးကိုထောင်ပြကာ
"Daddy ငယ်ငယ်ကပုံလား"
သူမမေးလိုက်တဲ့ပုံကြောင့်သူမအဖေ
မျက်နှာကွက်ခနဲပျက်သွားကာ
"ဘယ်ကတွေ့တာလဲ"
"စာအုပ်ကြားမှာညှပ်ထားတာတွေ့လို့
ဘာပုံများလဲသိချင်တာနဲ့ကြည့်လိုက်တာ"
"အင်း...Daddy ကောလိပ်တက်တုန်း
ကရိုက်ထားတဲ့ပုံ
ပေးပါထမင်းစားဖို့ထွက်လာ
ခဲ့တော့"
"ဟေး...နိုး..နိုး..မရပါဘူး
ဒီထဲကDaddyပုခုံးဖက်ထားတဲ့
မိန်ကလေးကဘယ်သူလဲ"
"ဩော်..အဲ့ဒါက
Daddy တို့အရင်နေခဲ့တဲ့
အိမ်ရဲ့ဘေးအိမ်ကကောင်မလေးပါ"
"ဘယ်လိုပတ်သက်လဲ
Daddy အချစ်ဦးလား"
"ဘာလုပ်မလို့လဲ
ကလေးကကလေးလိုနေ
သွားထမင်းစားဖို့ပြင်တော့"