5,
Unicode ;
At Love Coffee shop,
"ကိုယ်လေ Jimin! PARK JIMIN!"
"Park Jimin?"
ထယ်ယောင်းတွေးစစနဲ့တိုးတိုးလေးရေရွတ်လိုက်သည်။ ဂျီမင်ထယ်ယောင်းရဲ့ရှေ့ကခုန်မှာ ဝင်ထိုင်လိုက်ပြီး
"ဟာ ထယ်ကလဲငယ်ငယ်လေးနဲ့မေ့တက်လိုက်တာ ဟိုနေ့ကဝင်တိုက်မိတဲ့သူလေ မမှတ်မိဘူးလား"
"အာ.. သိပြီ လူကလူကိုသူခိုးလို့စွတ်စွဲတဲ့တစ်ယောက်"
ထယ်ယောင်းရဲ့စကားကြောင့် ဂျီမင်ရီလိုက်ပြီး
"အဲ့နေ့ကကိစ္စအတွက်ကိုယ်တောင်းပန်ပါတယ်ကွာ ကြည့်ရတာအခုထိမကျေနပ်သေးဘူးထင်တယ် "
"အဲ့လိုတော့မဟုတ်ပါဘူး..ထားလိုက်ပါ ပြီးပြီးသားကိစ္စဘဲ"
"မင်းတို့နှစ်ယောက်ကသိပြီးသားဆိုတော့ ငါမိတ်ဆက်ပေးစရာမလိုတော့ဘူးပေါ့ "
" အရင်ထဲကသိတာတော့မဟုတ်ပါဘူး ထားလိုက်ပါ ကျနော်ဗိုက်ဆာနေပြီ Jin Hyung ဝယ်ကျွေးမှာမလား "
"No No ငါ့ကိုတောင်ဂျီမင်ဝယ်ကျွေးတာ "
"ဟာ Jin Hyung! "
ထယ်ယောင်းဆူဆူပုတ်ပုတ်နဲ့ပြောတော့ နှစ်ယောက်လုံးထရီကြသည်။
"ကဲပါ ထယ်ရယ်ကိုယ်ဝယ်ကျွေးပါ့မယ် ထယ်ဘာမှမစားရသေးဘူးမလား"
"အွန်း ဂျင်ဟျောင်းဝယ်ကျွေးမယ်ထင်လို့မနက်စာတောင်စားခဲ့တာမဟုတ်ဘူး"
"ဂျင်ဟျောင်းဝယ်မကျွေးလည်း ကိုယ်ဝယ်ကျွေးပါ့မယ် ကြိုက်တာစား"
"ဟဲဟဲ အဲ့တာဆိုအားမနာတော့ဘူး ဟီးး "
ဆိုပြီးသူ့ရဲ့ Box Smile လေးပေါ်အောင်ရီပြလာသည်။
"ထယ်ပြီးရင်အချိန်ရလား အပြင်လျှောက်သွားရအောင်လေ ကိုယ်က Korea ပြန်ရောက်တာသိပ်မကြာသေးဘူးဆိုတော့..."
"Jin Hyung နဲ့သွားလိုက်ပါလား"
"ငါမအားဘူး Joon နဲ့ချိန်းထားတယ် "
ဂျင်ဟျောင်းရဲ့စကားကြောင့် သူဂျင်ဟျောင်းကိုဘုကြည့်ကြည့်လိုက်သည်။ ဂျင်ဟျောင်းကတော့ သူ့အကြည့်ကိုပင်အဖက်မလုပ် စားစရာရှိတာကိုသာထိုင်စားနေတော့သည်။
YOU ARE READING
Stay With Me [Complete]
FanfictionKookV💜 Top ~ Jung Kook Bottom ~ Tae (လိုအပ်ချက်တွေအများကြီးနဲ့ficမလို့အဆင်မပြေရင်ဝင်မဖတ်ပါနဲ့နော်🥺) Start *1.12.2018* End *3.12.2019 *