ပြည်ပထွက်ခွာ ဂိတ်ထဲကို သူမ မ၀င်ခင်နောက်ဆုံး အနေနဲ့ အနောက်ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်မိသည်...
တကယ်ပဲ နောက်ဆုံးအချိန်အထိ သူမမျှော်လင့်ထားတဲ့
တစ်စုံတစ်ယောက်ကို မတွေ့ခဲ့ရပါ ....>>> တကယ် ရက်စက်တယ် ဟွန်းနီး ရယ် နောက်ဆုံးအနေနဲ့တောင်.... ငါ့ဆီကိုမလာခဲ့ဘူးပဲ..<<<
သူမရဲ့ ပြားကပ်ကပ်ဝမ်းဗိုက်ကလေးကို အသာအယာ
ပွတ်သပ်လိုက်ရင်း ...>>> မေမေ ကတောင်းပန်ပါတယ်ကလေးရယ် ... ကလေးကို ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးနဲ့အတူစောင့်
ကြိုမနေပေးနိုင်လို့ ....တကယ်တောင်းပန်ပါတယ်....တောင်းပန်ပါတယ် ကလေး <<<သူမ နာကျင်ကြေကွဲစွာဖြင့် ကိုရီးယားမြေကို ကျောခိုင်း
ခဲ့လိုက်သည်... ဟွန်းနီး သူမကို ကျောခိုင်းခဲ့သလို
ပေါ့...သူမ မျှော်လင့်တကြီးဆွဲကိုင်ထားတဲ့ လက်တွေကို ဆွဲ
ဖြုတ်ချရင်း ရက်စက်စွာပြောထွက်ခဲ့သော ဟွန်းနီး ရဲ့
စကား လုံးတစ်ချို့ကို မယုံကြည်နိုင်စွာ လက်ခံခဲ့
ရသလို ....>>> ငါ .... လုဟန် ကို ချစ်တယ် ယွန်ဟီး
ငါ တောင်းပန်ပါတယ် ...<<<ရက်စက်ပြတ်သားစွာကျောခိုင်းထွက်ခွာသွားတဲ့ ဟွန်းနီး ကို သူမ မတားဆီးနိုင်ခဲ့ပါ ...
>>> နင့်မှာ ယုံကြည်ချက်ရှိလား ယွန်ဟီး ... ဆယ်ဟွန်း နင့်ဆီကို ပြန်လာမယ်လို့လေ..... ဒါဆို ငါ
တို့ အလောင်းအစား တစ်ခု လုပ်ကြမလား ..<<<သူမ နောင်တရမိသည်... သူမ သာ မိုက်ရူးရဲဆန်
စွာ လုဟန် နဲ့ အလောင်းအစား မလုပ်ခဲ့ရင် ...>>> နင်နိုင်ရင် အိုဆယ်ဟွန်း ကို နင်အပိုင်ပြန်ယူ
သွားနိုင်တယ် ...<<<လုဟန် ရဲ့ ယုံကြည်မှုရှိနေတဲ့ အမူအရာနဲ့ စကားလုံး
တွေမှာ သူမ ဒေါသတွေ မပျော်ဝင်ခဲ့မိရင် ...
أنت تقرأ
နတ်ဆိုးရဲ့ ကကြိုး { Complete }
أدب الهواةရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...