အကိုနဲ့ ကိုယ် စသိခဲ့တာ လွန်ခဲ့တဲ့ 2 နှစ်လောက်ကပေါ့။ အဲ့ဒီ့တုန်းက ကိုယ်ထင်နေခဲ့တာ ကိုယ်တို့တွေ့ဆုံခြင်းကို ကံကောင်းတယ်လို့လေ။ ဒါပေမယ့် တကယ့်တကယ်တန်းကျ ကိုယ် ယူဆခဲ့တဲ့ အဲ့ဒီ့ ကံကောင်းမှုကြောင့်ပဲ အကိုနဲ့ကိုယ် မဆုံစည်းစေနိုင်တာ ဖြစ်သွားရှာတယ်....
ကိုယ်က ဂရုစိုက်ခံရတာ အရမ်းကြိုက်တယ်။ ချစ်ခြင်းမေတ္တာနဲ့ ဘယ်အရာ ယှဉ်ယှဉ် ချစ်ခြင်းမေတ္တာကိုသာ သာသာထိုးထိုး ရွေးတတ်တဲ့လူ....
မထူးတဲ့ထုံးစံတွေရဲ့အတိုင်း ကိုယ့်ကို သဘောကျပြီး ဂရုစိုက်ပေးတဲ့ ချစ်ပေးတဲ့ လူတစ်ယောက် နဲ့ တွေ့တယ်။ အဲ့လူကိုပဲ အဖြေပေးပြီး အဲ့လူကိုပဲ ချစ်သူအဖြစ် ရွေးချယ်ခဲ့တာ။ တွေဝေခြင်း တစ်စက်မရှိ၊ Public မှာပါ ထုတ်တွဲပြီး ကိုယ့်ချစ်သူက သူပါလို့ ညွှန်ပြခဲ့မိတာ....
ကိုယ့်အနေနဲ့ ကိုယ်ချစ်ဖို့ထက် အချစ်ခံရတာကို ပိုနှစ်ခြိုက်ခဲ့မိတာကိုးးးးး
ကိုယ့်ချစ်သူဆိုတဲ့လူရဲ့ မိတ်ဆက်ပေးမှုကြောင့်ပဲ အကိုနဲ့ကိုယ် ခင်မင်ခဲ့ကြတယ်။ ချစ်ခြင်းမေတ္တာမှာ လောဘကြီးတတ်တဲ့ ကိုယ်က အကိုနဲ့လဲ ခင်ရော... အကို့ကိုပါ ဆိုးနွဲ့မိလေရောပေါ့လေ...!အကို့မှာ ကိုယ် လေးစားအားကျရတဲ့ အချက်တွေ အများကြီးပဲ။ ဆိုးပေတေလွန်းတဲ့ ကိုယ့်အတွက် အကိုက အကိုအရင်းတစ်ယောက်လို မားမားမတ်မတ် ရှိနေခဲ့တယ်။ ဆုံးမတယ်။ ဂရုစိုက်တယ်။ ပေါ့တီးပေါ့ဆ နေတတ်တဲ့ ကိုယ့်ကို လေးလေးနက်နက်ရှိအောင်တွေ၊ စိတ်ထင်တာ လုပ်တတ်တဲ့ ကိုယ့်ကို ဘယ်အရာကိုမှ မလုပ်ခင် သေချာဆုံးဖြတ်စေခဲ့တာတွေ.... ပေပေတေတေ နေတတ်တဲ့ကိုယ့်ကို အကို့မှာ မနည်း ပြုပြင်ပေးခဲ့ရရှာတာ။
တကယ်တမ်းပြောရရင်....
နာကျင်စရာတွေ များလွန်းတဲ့ ကိုယ့်အတွက်တော့ အကိုရှိနေတာက ဘုရားပေးတဲ့ ဆုလာဘ်ပဲ။
အကိုနဲ့ ကိုယ့်ရဲ့ Messengr မှာ ပြောဆိုတဲ့ စကားတွေက ကိုယ်နဲ့ ကိုယ့်ချစ်သူဆိုတဲ့လူရဲ့ Messenger ကပြောတဲ့ စကားတွေထက်တောင် ပိုများနေခဲ့သလို....
အကိုနဲ့ ကိုယ့်ရဲ့ ဖုန်းပြောတဲ့ ကြာချိန်ကလဲ ကိုယ်နဲ့ ကိုယ့်ချစ်သူ ဆိုတဲ့လူ ပြောတဲ့ ကြာချိန်ထက် ပိုများပြားခဲ့တယ်။ကိုယ်လိုအပ်ရင် အကိုက အမြဲ အသင့်ရှိနေခဲ့သလို.. အကို လိုအပ်ချိန်တိုင်းလဲ ကိုယ်က အမြဲအသင့်ရှိခဲ့တယ်။ တစ်နေ့တစ်နေ့ Facebook newfeed မှာ တွေ့တဲ့ အထူးဆန်းလေးတွေဆို အကို့ဆီ မေးမယ်။ ကိုယ်မသိတာ မှန်သမျှလဲ အကို့ဆီမေးမယ်။
အကိုက ဘာပဲလိုလို ရနိုင်တဲ့ ကိုယ့်ရဲ့ Pandora Box
ကိုယ့်ရဲ့ Yangon Directory ဖြစ်ခဲ့တယ်။
အကိုကလဲ တခါတခါ သူကြိုက်တဲ့ ပစ္စည်းလေးတွေ တွေ့တဲ့အခါ အရောင်လေးတွေ ရွေးခိုင်းတတ်တယ်။ ဘယ်ဟာ ယူရင်ကောင်းမလဲ တိုင်ပင်တတ်သလို တခါတခါ သူ ဘာလေးတွေ ဘလိုလုပ်ခဲ့တယ်ဆိုတာလဲ ပြောပြတတ်ခဲ့ပြီးသားပဲ။စုံထောက်ကားတွေ၊ အက်ရှင်ကားတွေ၊ Drama ကောင်းကောင်းလေးတွေနဲ့ ကာတွန်းကားကောင်းကောင်းတွေ တွေ့တဲ့အခါ အကိုနဲ့ ကိုယ်နဲ့ sharing လေးတွေ လုပ်ကြတယ်။ အကိုနဲ့ကိုယ်က တော်တော်များများလဲ အကြိုက်တူတယ်။
ဇာတ်ကားတကား ကြည့်တဲ့အခါမှာတောင် အကို အသေးစိတ်ပုံများ ဘယ်အခန်း ဘယ်မိနစ်မှာ ဘယ်လိုလေးဆိုတာကအစ ပြန်ပြောနိုင်တယ်။
အဲ့လိုပဲ ကိုယ့်ကိုဆိုလဲ ဇာတ်ကားတကားကြည့်ပြီးတဲ့အခါ review ကို စာမေးပွဲ စစ်သလိုက ပြန်မေးသေးတယ်။
"ညည်းကို အိမ်စာ ပေးလိုက်ပြီ" ဆိုပြီး ပြောတတ်သေးတာ။
အဲ့အချိန်တွေက ကိုယ်က လက်ရှိဘဝမှာ ကျဆုံးခန်းတွေနဲ့ ရင်ဆိုင်နေရချိန်...
အကိုရှိနေခဲ့လို့သာ ကိုယ် ရင်ဆိုင်နိုင်ခဲ့တာ!တဖြည်းဖြည်းနဲ့ ကိုယ် သေချာလာတာ ကိုယ် အကို့ကို သံယောဇဉ် တွယ်နေမိပြီ ဆိုတာပဲ။
နောက်ဆုံး ကိုယ့်ချစ်သူဆိုတဲ့လူ ကိုယ့်အနားရှိနေတာကိုကအစ ကိုယ် ငြူစူလာတာ။ ကိုယ် အဆက်အသွယ်တွေ တဖြည်းဖြည်းနဲ့ ဖြတ်လာခဲ့တယ်။ လမ်းခွဲဖို့ လုပ်လာခဲ့တယ်။
တဖက်မှာလဲ ကိုယ် အကို့ဆီ တဖြေးဖြေးတိုးမိလာတယ်။
ဒါပေမယ့် ကိုယ် အကို့ကို ချစ်နေခဲ့တယ် ဆိုတာ မသေချာခဲ့သေးဖူး။
ကိုယ် အကို့ကို တွယ်တာတယ်ဆိုတာ မောင်နှမလို လို့ပဲ တွေးတတ်ခဲ့မိတုန်းပေါ့!###############
YOU ARE READING
ချစ်သော Mr.Drug
Poetryမချစ်သင့်မှန်း သိပေမယ့် ရှောင်ဖို့ ခက်ခဲလောက်အောင် ရူးရူးမူးမူး ချစ်ခဲ့တဲ့ လူတစ်ယောက်ရဲ့အကြောင်းတွေ ❤