Ch.85: Remember to line up (Part 2+3)

9.1K 1.1K 49
                                    

Tang Feng အချိန်အနည်းငယ်ယူ စဉ်းစားလိုက်ပြီးတော့ ခေါင်းတစ်ချက်ငြိမ့်လိုက်တယ် ။

" အင်း...ကျွန်တော် သဘောကျပါတယ် ။ "

အမှန်အတိုင်းဝန်ခံရရင် သူ့ဘဝမှာ အိပ်ရာထက်က အတွေ့အကြုံ သိပ်ပြီးတော့ များများစားစား မရှိဖူးခဲ့ဘူး ။ ဒါပေမယ့်လည်း သူဟာ အိပ်ရာထက်မှာ ဘယ်လို လူပ်ရှားပြုမူရမယ်ဆိုတာကို သိနေခဲ့တာကတော့ ကိုယ်တွေ့ထက် စာတွေ့တွေကို လေ့လာထားခဲ့လို့ပါ ။ ဘဝမှာ တစ်ကြိမ်တစ်ခါမှ ဝက်သားကို မစားဖူးတဲ့သူမျိုးတောင်မှပဲ ဝက်သားကို စားလို့ရအောင် ဘယ်လို ချက်ပြုတ်ရမယ်ဆိုတာ အနည်းအကျဉ်းတော့ တီးမိခေါက်မိထားကြမှာပဲလေ ။ အဲ့ဒါတွေအပြင် အရင်အတိတ်ဘဝတုန်းက သူကျင်လည်ရှင်သန်ခဲ့တဲ့ ဘဝက အနောက်တိုင်းလူနေမူဘဝပုံစံနဲ့ အနောက်တိုင်းယဉ်ကျေးမူကြားထဲမှာလေ ။ အဲ့ဒီအတွက် လိင်မူကိစ္စဆိုတာ သူ့အတွက် အရှေ့တိုင်းသားတွေလို အရမ်းကြီး မသိနားမလည်တဲ့ ဘာသာရပ်တစ်ခု မဟုတ်ခဲ့လေဘူး ။

ဒီနေရာမှာ Charles နဲ့ယှဉ်နိုင်တဲ့လူဆိုတာ သူ့ဘဝမှာ တော်တော်လေး နည်းပါးလွန်းတယ် ။ Tang Feng ဒီအဖြေကို ပြန်ဖြေဖို့ အနည်းငယ် တွန့်ဆိုင်းနေခဲ့တယ် ။ သူမသိလိုက်တာကတော့ သူ့ရဲ့ ဒီလို့ တွန့်ဆိုင်းနေမူဟာ Charles ရဲ့စိတ်ကို အနည်းငယ် ထိခိုက်သွားစေခဲ့တယ်ဆိုတာကိုပဲ ။

စိတ်ထိခိုက်ခံစားသွားရသလို ပုံစံမျိုးနဲ့ Charles ဟာ မျက်မှောင်ကြုံ့ပြီး ခေါင်းကိုတစ်ချက်ယမ်းခဲ့လိုက်တယ် ။

" ဒါကို ဖြေဖို့ မင်းဘက်က တွန့်ဆုတ်နေတယ်ဆိုတော့ ကြည့်ရတာ ငါ့ရဲ့ အရည်အချင်းတွေက မင်းကို စိတ်ကျေနပ်မူ အပြည့်အဝပေးနိုင်ဖို့ တော်တော်လေး လိုအပ်နေသေးတဲ့ပုံစံပဲ ထင်တယ် ။ "

" အဲ့ဒါဆိုလည်း အကောင်းဆုံး ကြိုးစားကြည့်လိုက်ပေါ့ဗျာ ။ "

Tang Feng ဟာ ထပ်ပြီးမဖြေရှင်း ရှင်းမပြချင်တော့ဘူး ။ Charles နဲ့သူအတူအိပ်ဖြစ်တဲ့ အဓိက အကြောင်းရင်းဟာ သူတို့ကြားမှာ ထားထားတဲ့ ကတိတစ်ခုအတွက်ကြောင့်ပဲ ။ Charles ဟာ တကယ်ပဲ နှစ်လိုဖွယ်ကောင်းပါတယ် ။ ဒါပေမယ့်လည်း အခုအခြေအနေထက် ပိုပြီး ဘာမှရှေ့မဆက်ချင်ဘူး ။ ဒါ့ကြောင့်မို့ Charles ရဲ့ အိပ်ရာထက်က အရည်အချင်းက ဘယ်လိုပဲဆရာကျကျ သူ့အနေနဲ့ လုံးဝကို စိတ်မဝင်စားဘူး ။

True Star (Myanmar Translation )Where stories live. Discover now