အပိုင်း-၆

4.9K 335 3
                                    

Zawgyi

'​ရှောင်​အာ ရပ်​လိုက်​စမ်း ဒါကဘယ်​ကိုလဲ'

ကုတ်​​ချောင်းကုတ်​​ချောင်းလုပ်​​နေ​သော ​ရှောင်​အာ​ကျော​လေး မတ်​ကနဲဖြစ်​သွားသည်

'ဟင်​ အာ မမကလဲ လန့်​လိုက်​တာ ​ရှောင်​အာ ကြင်​ယာ​တော်​ကို သွား​ချောင်းမလို့'

ရှောင်​အာမမက မင်းသမီး​တွေထဲမှာ အကြီးဆုံး မင်းသမီး၁ ဖြစ်​သည်

မင်းသမီး၁​ ရှောင်​ဖန်​နှင့်​ မင်းသမီး၎ ​ရှောင်​အာမှာ ညီအမအရင်း​တွေ ဖြစ်​သည်

ကြားထဲမှာ မင်းသမီး​၂ ​ရှောင်​မိန်​နှင့်​ မင်းသမီး၃ ​ရှောင်​လီမှာ မိဖုရားငယ်​ နှစ်​ပါး၏ သမီး​တော်​များဖြစ်​သည်

ရှောင်​ဖန်​နှင့်​ ​ရှောင်​အာက ဒုတိယမိဖုရားကြီး၏ သမီး​တော်​များဖြစ်​သည်

အိမ်​​ရှေ့စံ ​ရှောင်​မင်​မှာ အရင်းအချာ အမ​တော်​နှစ်​ပါးနှင့်​ ညီမ​တော်​နှစ်​ပါးသာရှိသည်​ ဝမ်းကွဲ​တွေက​တော့ ​ရေလို့​တောင်​မရ

'ဘာ ကြင်​ယာ​တော်​ ဟုတ်​လား သူကခုထိ နန်း​တော်​မှာ မျက်​နှာ​ပြောင်​တိုက်​ပြီး ​နေ​နေတုန်းလား'

'မမရယ်​ အကို​တော်​က ရက်​ပဲ​ရွေ့တာ​လေ အပြတ်​ငြင်းတာမှမဟုတ်​တာ သူ​နေလို့ရတာ​ပေါ့'

'အမှန်​ဆို အိမ်​​ရှေ့စံကလဲ မလိုချင်​လို့​ပေါ့ သူကဘယ်​မင်း​သမီးကိုများ စိတ်​ဝင်​စားပါလိမ့်​'

ရှောင်​အာသိတာ​တော့ မမကအိမ်​​ရှေ့စံကို စိတ်​ဝင်​စား​နေတာပဲ ဖြစ်​သည်

ပထမဆုံး သမီး​တော်​မို့ မင်းကြီးကလဲ အလိုလိုက်​ကာ အ​တော်​ချစ်​သည်

ထို့​ကြောင့်​ ​ရှောင်​ဖန်​မှာ မင်းသမီး​တွေထဲတွင်​ မာနအကြီးဆုံး မင်းသမီးဖြစ်​သည်

ရှောင်​အာကိုလဲ သူမလို​နေခိုင်းသည်​ သို့​သော်​ ​ရှောင်​အာကို ခဏတဖြုတ်​​တွေ့ရင်​သာ မာနကြီးသည်​ ထင်​လိမ့်​မည်

တကယ်​သာ​ပေါင်းကြည့်​ ​ရှောင်​အာ ဘယ်​​လောက်​ မျက်နှာ​ပြောင်​လဲဆိုတာ အ​နောက်​နန်း​ဆောင်​ တစ်​ခုလုံးအသိ

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Donde viven las historias. Descúbrelo ahora