It's ok

2.3K 174 62
                                    

Part-1

ဆုံမှတ်မရှိတဲ့ မျဉ်ပြိုင်းပေါ်မှာ
ဖြတ်ပြေရင်း တဖြည်းဖြည်းနဲ့
ကျွန်တော်တို့တွေ ဝေးလွန်းမက
ဝေးနေပြီ အစ်ကို။

It's Ok......

#Ring Ring

ထမင်းစားရင်း မြည်လာတဲ့ဖုန်းကြောင့်
Kyung Soo မျက်မှောင်ကြုပ်မိသည်။

" အစ်ကို ဘယ်သွားဦးမို့လဲ "

" ဆေးရုံမှာ အရေးကြီးလို့တဲ့ "

*ဒုန်း*

" ဆေးရုံ ဆေးရုံ ဆေးရုံ နဲ့ အစ်ကို့ရဲ့ အကြောင်း           
  ပြချက်တွေက အက်ကြောင်းလိုက်နေပြီ အစ်ကို "

စားပွဲကို ဒုန်းခနဲနေအောင် ထုရင်း ငိုကာပြောနေတဲ့
Kyung Soo အား စိတ်ပျက်သလိုကြည့်နေတဲ့ အစ်
ကို

//ဟင့်အင်း အစ်ကို ကျွန်တော် ကို အဲ့လိုမကြည့်နဲ့ //

" ငါ မင်းကို စိတ်ပျက်လာပြီKyung Soo "

တစ်ခွန်းထဲပြောပြီး အခန်းထဲဝင်သွားတဲ့ အစ်ကို
ကျောပြင်အားကြည့်ပြီး Kyung Soo ရင်ဘက်
တစ်ခုလုံးနာကျင်နေသည်

အမှန်တရားတွေသိရက်နဲ့ ရေငုံနှုတ်ပိတ်နေ
တာ အစ်ကို့ကိုချစ်လို့ဆိုတာကို အစ်ကိုမသိ

လိမ်ညာနေမှန်းသိသိကြီးနဲ့ မျက်လုံးစုံမိတ်ကာ
အလုပ်ပါလို့ ယုံကြည်ပေးထားခဲ့တာ

အစ်ကိုအင်္ကျီမှာ ကပ်ပါလာတဲ့ မိန်းကလေး
ရေမွှေးနံ့တွေ ကို လစ်လျူရှုရင်း
အဖြူရောင် အင်္ကျီပေါ်မှာ
စွန်းထင်လာတဲ့ အရောင်စုံ
နှုတ်ခမ်းနီရာတွေကို
ကိုယ်တိုင်လျှော်ပေးနေရတာ
မျက်လုံးကန်နေလို့မဟုတ်ဘူး
အစ်ကိုကို မစွန့်လွှတ်နိုင်သေးလို့
ဆိုတာ အစ်ကို သိပါလေစ

မိန်းကလေးတစ်ဦးအား ချော့သိပ်နေတဲ့
သူ့ပုံရိပ်ကို တွေးမိတိုင်း နာကျင်နေရတာ
အစ်ကိုမှမသိတာ

အစ်ကို မခံစားဖူးပါဘူး

လူတွေက ကိုယ်တိုင် ထိမှ နာတက်ကြတဲ့အမျိုးမလား

တခါးပိတ်သံ ကြားရတဲ့ နောက်မှာတော့
Kyung Soo သူ့စိတ်သူလွှတ်ချလိုက်တော့
သည်

It's okWhere stories live. Discover now