မောင့်ကိုလွမ်းတယ်

16 1 0
                                    

နှစ်နာရီ ထိုးသွားပြီမောင်
ဒီနေ့လည်း မောင့် အကြောင်း တွေးရင်း  အငယ် အိပ်မပျော်ပြန်ဘူး

အငယ့် အတွေးထဲက မောင့်ကို ပြန်လိုချင်လို့ ရှာဖွေရင်းနဲ့ အိပ်မပျော်တာလားလို့ မောင်ထင်လိမ့်မယ်

ဟင့်အင်း မောင်
အငယ်က မောင့်ကို ပြန်မလိုချင်တော့ဘူး
ဒာပေမဲ့ မောင့်ကိုတော့ အငယ်ချစ်နေတုန်းပဲ
တကယ်တော့ ဒာက အငယ်ရဲ့ အတ္တကြီးခြင်း တစ်မျိုးပဲ မောင်
တခြားသူ ရင်ခွင်မှာပျော်နေတဲ့ မောင့်ကို အငယ့်ဆီ
ပြန်လာအောင် ကြိုးစားဖို့ အငယ် ငြင်းဆန်ပာရစေ

အငယ့်ဆီမှာ မောင့် အငွေ့အသက်တွေပဲ ကျန်ခဲ့သလို မောင့်ဆီမှာလည်း အငယ့် အရိပ်လေးတွေပဲ ကျန်နေခဲ့စေချင်တာပာ
တခြား မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ငွေ့တွေ ကပ်ညှိသွားနဲ့မောင့်ကို အငယ် အတ္တကြီးစွာ မုန်းလိုက်ပာရစေ

မောင်ပြောဖူးတဲ့ စကားလေးတစ်ခွန်းအတိုင်းပော့

" အငယ် မောင့်ကို သစ္စာဖောက်သွားရင် မောင် ငိုဖြစ်မယ်မထင်ဘူး ချစ်နေလျက်နဲ့ကို မုန်းနေမှာ"
အင်း အငယ်လည်း အဲဒီအတိုင်းပဲ မောင်
မောင့် စကားအတိုင်းပာပဲ
မောင် ပြောတုန်းက ပျာပျာသလဲ ကတိတွေပေးရင်း ဝမ်းနည်းနေခဲ့တဲ့ အငယ်က ဒီလိုမျိုး လုပ်လိမ့်မယ်လို့ မောင် မထင်ထားတာကိုတော့ ဝန်ခံလိုက်ပာ မောင်
အငယ်လည်း လုံးဝမတွေးထားမိဘူး မောင်

ဒာပေမဲ့ မောင်
မုန်းနေဖို့ ဆိုတာကြီးကို အငယ် ခုထိ ကြိုးစားနေရဆဲပာ
မောင် ကြိုက်တယ်ဆိုတဲ့ အစားအသောက်လေးတွေ
မောင် သိပ်ကြိုက်တဲ့ ဇာတ်ကားတွေ
မောင် မက်မက်မောမော နားထောင်တဲ့ သီချင်းတွေ
ယုတ်စွအဆုံး မောင် သိပ်ကြိုက်တဲ့ ကောင်မလေးပုံစံလေးတွေ မြင်ရင် မောင့်ရဲ့လက်ကို ကိုင်လှုပ်ရင်း
"မောင် တွေ့လား တွေ့လား"လို့ ပြောပြချင်တဲ့ စိတ်တွေကို ချုပ်တည်းရတာလည်း မလွယ်ဘူးမောင်

အငယ်က သိပ်ချစ်တတ်တာပဲ လို့ မောင်ပြောရင် ဂုဏ်ယူတဲ့ မျက်နှာပေးလေးနဲ့ "အဲဒာ မောင့်ကို မို့လို့"လို့ ပြောရင်း ရှက်သွေးဖြာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို
မောင် အဆင်မပြေတိုင်း သတိရပာ
သတိရရင်းနဲ့ မောင့် ဘေးနားက ကောင်မလေးကို ဂရုစိုက်ဖို့ ကြိုးစားပာ
သူ(မ) မောင့်အပော် သစ္စာမရှိခဲ့ရင် မောင်ပြောခဲ့တဲ့ မောင့်စကားအတိုင်း တည်ပာစေမောင်
ဒာက မောင် အငယ့်အတွက် မျက်ရည် မကျဘူးဆိုရင်
ဘယ်သူ့အတွက်မှ မျက်ရည်ကျဖို့ ခွင့်မပြုနိုင်တဲ့ အငယ့်ရဲ့ အတ္တပော့ မောင်

You've reached the end of published parts.

⏰ Last updated: Jan 27, 2019 ⏰

Add this story to your Library to get notified about new parts!

"မောင့်ကိုလွမ်းတယ်"Where stories live. Discover now