My Sugar Boyfriend 21

2.9K 326 80
                                    

Zawgyi

Basketball ပွဲ​တွင်​ ​ဂျောင်​ဆူးတို့​မေဂျာက အနိုင်​ရသွား​လေ သည်​ ။ ထို့​ကြောင့်​ ​ကျောင်းအနားက စား
သောက်​ဆိုင်​တွင်​ ​အောင်​ပွဲလာခံ​နေကြခြင်း ဖြစ်​သည်​ ။

ဂျောင်​ဆူး က​တော့ ပွဲနှင့်​သက်​ဆိုင်​​သော မဟုတ်​​ပေမယ့်
လည်း ချန်း​ယောလ်​ရဲ့ ပူတူတူးအူကြူး​လေး ဖြစ်​​သော
ကြောင့်​ လာကပ်​စားခြင်းဖြစ်​သည်​ ။

"ဒါ​ကြောင့်​ အားကစား ပွဲတိုင်း ချန်း​ယောလ်​က မပါ
မဖြစ်​ပဲ​လေ"

နည်းပြကြီး၏ စကား​ကြောင့်​ ချန်း​ယောလ်​ ပြုံးရုံသာ
ပြုံး​သော်​လည်း ​ဂျောင်​ဆူးက​တော့ သူ့ချန်း​ယောလ်
ဘယ်​​လောက်​​တောင်​ ​တော်​​ကြောင်း ကြွား​တော့သည်​ ။

သူတို့နှစ်​​ယောက်​ရဲ့ ပတ်​သက်​မှုကို ခဏတာ အားလုံးက
အံ့သြ သွားကြ​သော်​လည်း နားလည်​လက်​ခံ​ပေးကြ
သည်​ ။

"ချန်း​ယောလ်​ က ဘက်​စုံ​တော်​တာပါ​နော်​ ဒီလိုအား
ကစား​တွေလိုက်​စား​ပေမယ့်​လည်း စာဘက်​က လစ်​ဟာ
သွားတာမျိုး လုံးဝ လုံးဝ မရှိဘူး ​နော့်​ ချန်း​ယောလ်​"

ချန်း​ယောလ်​ ကိုမျက်​ခုံး​လေး ပင့်​တင်​ကာ စစ်​ကူလှမ်း
တောင်း​သော ​ဂျောင်​ဆူး ရဲ့ ​ခေါင်း​လေးကို ဆွဲယူကာ
ရင်​ခွင်​ထဲ သိမ်းယူလိုက်​ရင်း

"ဒါ​ပေါ့ ကိုယ့်​​ဂျောင်​ဆူး​လေး​ကြောင့်​လည်း ပါ​သေးတယ်​"

"ဟီး"

"ကဲ ဒါဆို စပြီး ​ပျော်​​ပျော်​ပါးပါး ​သောက်​စားလိုက်​ရ
အောင်​"

နည်းပြကြီး၏ စကားသံအဆုံး ဆိုင်​​လေးအတွင်း
စကား​ပြောသံ​တွေ ​အော်​ဟစ်​သံ​တွေနဲ့ ပြည့်​နှက်​သွား
ပေ​တော့သည်​ ။

"One shot one shot လက်​ချိတ်​ပြီး​သောက်​ပါ"

ချန်း​ယောလ်​နဲ့​ဂျောင်​ဆူးအား အရက်​​သောက်​ခိုင်း​နေ​သော
အဖွဲ့သားများအား ချန်း​ယောလ်​ ငြင်းဆန်​ချင်​ပါ​သော်
လည်း အ​ကောင်​​ပေါက်​ သည်​ သူ့အား ချွဲကာ ​သောက်​ရန်
ပူဆာ​နေ​တော့သည်​ ။

My Sugar Boyfriend Where stories live. Discover now