Chapter 34

8K 924 21
                                    

လမင်းမိဖုရား သူ့အ​ရှေ့ကကိုယ်​ဝန်​သည်​ Chaiက​တော်​ကို အကဲခတ်​​နေသည်။ Chai Shilin သည်းသည်းလှုပ်​​နေရ​လောက်​​အောင်​ သာမန်​မိန်းက​လေးတစ်​​ယောက်​က လုပ်​နိုင်​တယ်​လား။

" မင်းကိုမလာခိုင်းတာဒါ​တွေ​ကြောင့်​ပဲ။ မင်းဟာ​လေ ဘယ်​​တော့မှ ကိုယ့်​စကားလည်းနားမ​ထောင်​၊ ​ခေါင်းမာတယ်​။ "

Luli ပုခုံးကိုသူသိုင်းဖက်​ကာ ပြန်​​ခေါ်သွားမယ်​လုပ်​​ပေမယ့်​ Luli ​ခြေ​ထောက်​​တွေက လုံးဝမလှုပ်။ အနည်းငယ်​ပွင့်​ဟလာသည့်​ သူ့နှုတ်​ခမ်းက​နေ နာမည်​တစ်​ခုကို​ခေါ်ရန်​ကြိုးစား​သည်။ ရုတ်​တရက်​ သူမနဲ့Chai Shilinအကြားကို Ribo Lei ​ရောက်​ချလာသည်။

" Chaiသခင်​မ ဒါလမင်းမိဖုရား​လေ။ "

သူကြားဖြတ်​​ပြောလိုက်​တာ​ကြောင့်​ Luliအသံတိုးတိုးကို မည်​သူမှမကြားလိုက်​ရ။ ဆက်​​ပြောစရာစကားမရှိ​တာမို့ Luliတိတ်​ဆိတ်​သွားသည်။

" မိုးကြိုးစစ်​သည်​ Ribo Lei ​မောင်​မင်းကမဖုရားကို ကယ်​တင်​ခဲ့တာပဲ။ "
" လုပ်​သင့်​တာကိုလုပ်​ခဲ့တာပါ။ "

Ribo Leiက သူ့​နောက်​​ကျောနဲ့Luliကိုကာဆီးလိုက်​ကာ စကားစဖြတ်​လိုက်​သည်။ Chai Shilin Luliကိုထိန်းပြီးအပြင်​​ခေါ်ထုတ်​သွားသည်။

" သွားမယ်​​လေ။ "

Chai Shilinတို့ထွက်​သွားခါမှ လမင်းမိဖုရား တခုခုကိုသတိရသွားသည်။ မ​ရေမရာဖြစ်​​နေတဲ့သူမက Ribo Leiကို​မေးသည်။

" အခုနကChaiသခင်​မနာမည်​က Luliတဲ့လား။ "
" ဟုတ်​ပါတယ်​။ "
" လှတဲ့နာမည်​​လေးပဲ။ မဖုရားကြိုက်​တဲ့နာမည်​လည်းဟုတ်တယ်​။ "

လက်​​ကောက်​ကိုပွတ်​ရင်း လမင်းမိဖုရားလွမ်းဆွတ်​စွာ​ပြောသည်။

" အကယ်​၍သာ သမီး​​လေးသက်​ရှိထင်​ရှား ရှိ​နေ​သေးရင်​ ဒီအရွယ်​​လောက်​ရှိ​ရော​ပေါ့။ "

------------
Luliကို မြင်း​ပေါ်တင်​​ပေးပြီး ​အ​နောက်​က​နေ Chai Shilinတက်​သည်။ မြင်းဇက်​ကြိုးကိုလှမ်းဆွဲလိုက်​တဲ့အခါ Luliတစ်​ကိုယ်​လုံးက သူ့ရင်​ခွင်​ထဲမှာ။ Luli စိတ်​တည်​ငြိမ်​​အောင်​အရင်​ထားပြီးတဲ့အချိန်​ သူ့အ​နောက်​ကတစ်​​ယောက်​ စိတ်​တို​နေပြီဆိုတာသိရသည်။ Chai Shilinလက်​ခုံ​ပေါ် သူ့လက်​ကိုတင်​လိုက်​ပြီး အပြစ်​ရှိစိတ်​နဲ့​ပြောသည်။

My Rude Husband ( Zawgyi and Unicode )Dove le storie prendono vita. Scoprilo ora