• 16 •

3.9K 430 56
                                    

"ကြိုက်တယ် မကြိုက်ဘူး ကြိုက်တယ် မကြိုက်ဘူး ကြိုက်တယ်...ကြိုက်တယ်...ကြိုက်တယ်.."

လက်ကျန်ပွင့်ဖက်သုံးခုကို ခြွေချပြီး Taeyeon ပြုံးတယ်။ သူမ ယောက်ျားတွေကို ကြိုက်သေးတယ်။ မိန်းမတစ်ယောက်က လွဲပြီး ဘယ်မိန်းမကိုမှမကြိုက်ဘူး။

"ပြော Irene"

"ရောက်ရင် ဖုန်းဆက်ပါဆိုတာကို Unnie ကလဲ"

တစ်ဖက်ကနေ အမေလို လေသံနဲ့ Irene ကပြောတယ်။ အဲ့ယုန်က သိပ်ကို ပေါက်ပေါက်ဖောက်သည်။

"အခုလေးတင်မှရောက်လို့ပါဟ။ ပြီးတော့ ငါနေရာချနေတာ ၊ နင်ထည့်ပေးတဲ့ နှင်းဆီပန်းကိုခြွေချပြီး ငါကစားနေတာ"

ဖုန်းကို နားနဲ့ပုခုံးကြားမှာ ညှပ်လိုက်ပြီး အရှေ့မှာကျနေတဲ့နှင်းဆီပွင့်တွေကို ကောက်ကာ အမှိုက်ပုံးထဲထည့်လိုက်တယ်ဒီနှင်းဆီတွေသာ သူမရဲ့ ခံစားချက်တွေဆို သိပ်ကောင်းမှာ။ အလွယ်တကူ စွန့်ပစ်လိုက်လို့ရတယ်။

"Unnie ဘယ်ကိုသွားလဲမေးရင် ညီမဘယ်လိုဖြေရ...

"သေပြီ။ သေပြီလို့ဖြေလိုက်"

အမှိုက်ပုံးထဲက နှင်းဆီပွင့်တွေကို ပြန်ကောက်ယူတယ်။ ပြီးတော့ စားပွဲခုံပေါ်တင်လိုက်တယ်။

"Unnie ကလဲ!!ဘာလို့ဒီလိုတွေလုပ်နေတာလဲ ထင်သလောက်လဲ မဆိုးရွားဘူးလေကိစ္စတွေက တွေ့ပြီး ဖြေရှင်းရမှာကို ဘာလို့ကြောက်နေတာလဲ"

Irene ရဲ့ ဆူပူသံကို ကြားကြားချင်း Taeyeon ဖုန်းချလိုက်တယ်။ စိတ်မရှည်ရင် အော်မိတော့မယ်။

တွေ့ပြီး ဖြေရှင်းရမှာကို ဘာလို့ကြောက်နေတာလဲ တဲ့

အဟင်းးး...အကြောက်တရားကို သူတို့မသိကြဘူး။ နင်းခြေခံခဲ့ရတဲ့ ပန်းတစ်ပွင့်ရဲ့ အကြောက်တရားကိုဘယ်သူမှ မသိကြပါဘူး။ တွေ့ပါပြီရဲ့...သားလေးကြောင့်၊ Joohyuk ကြောင့် ၊ အငြိုးတွေကြောင့် ၊ မာနကြောင့်...သူ့အကြောင်းပြချက်ထဲ ဘယ်နေရာမှဘောင်မဝင်တဲ့ ကိုယ့်အဖြစ်ကို သိရရင် ခံနိုင်ရည်ရှိမှာတဲ့လား?

ဘဝကို အမျိူးမျိုးတော့ နာမည်တပ်ကြတယ်။ သူမအတွက်တော့ ဘဝက ပျော်လဲနေ မပျော်လဲနေ တစ်နေ့သေရမယ်ဆိုတဲ့ ထိန်းချုပ်မှုလေးသာရှိမနေရင် နေပျော်မှာမဟုတ်တဲ့ အိမ်ကလေးတစ်လုံးပါပဲ။

- Time Lapse by Smeraldo -Donde viven las historias. Descúbrelo ahora