Ep _ 21 +++🔥

2.5K 94 16
                                    

Baekhyun တစ်ယောက် Kyung soo သူ့ကို ချော့သိပ်သွားခဲ့ပေမဲ့ လုံးလုံးကြီးတော့ အိပ်မပျော်ခဲ့.....
နိုးတစ်ဝက် အိပ်တစ်ဝက်ဖြင့် စောင်ပုံထဲ ကွေးလို့နေသည်..........

မနက်စောစောပင်ရှိသေးသည်မို့ ငှက်ကလေးများမှာလည်း ပြတင်းပေါက်နား တကျီကျီ ပျံဝဲလို့နေသည်......

သူများတွေအတွက် သာယာပေမဲ့ baekhyun အတွက် ထိုတတွတ်တွတ်နဲ့ ငှက်ဆိုးထိုးသံမှာ သာယာနာပျော်ဖွယ်မရှိ.....

အိပ်ရေးပျက်သည်ဟုဆိုကာ အနားလာသောငှက်အား ကိုင်ပေါက်မည် တကဲကဲ....

သူ့ဘာသာသူနေသည့် ငှက်အား စိတ်တွေဆိုးကာ ကုတင်အထက် လူးလှိမ့်လို့နေသည်.....

ထို့နောက် အချိန်တန်ကြာမှေးစက်ရာမှ တစ်စုံတစ်ယောက်မှ တံခါးဖွင့်သံအား ကြားရသည်......

အိမ်မှာ Kyung sooတစ်ယောက်တည်းသာရှိသည်မို့ kyung soo အထင်နှင့် မထတော့ပဲ ဆက်သာမှေးနေလိုက်သည်....kyung soo လာနှိုးရင်လည်း ထလိုက်ရုံပေါ့....သူ့ဗိုက်ကလည်း ဆန္ဒပြနေပြီလေ.......

မကြာ...baekhyun ရဲ့ ပါးပြင်အား တစ်စုံတစ်ယောက်မှ မွတ်မွတ်သည်းသည်း နမ်းရှုံ့လို့လာသည်.....

Kyung soo ဆိုသည်မှာလည်း သူ့အား နမ်းရဲလောက်သည်အထိ တင့်ရဲမည်မဟုတ်ဆိုတာ baekhyun အသိပင်....

ဒါဆို လေးငယ်လားဆိုတော့လည်း မဟုတ်ပြန်....
အလွတ်ရနေသည့် လေးငယ်ရဲ့ ကိုယ်သင်းနံ့မဟုတ်တာကြောင့် လေးလံနေသည့် မျက်ခွံတို့အား အားယူပြီး ဖွင့်ကြည့်လိုက်တော့ baekhyun ပါးပြင်အား ခပ်ဖွဖွကိုင်ကာ ခပ်ပြုံးပြုံးကြည့်နေတဲ့ Wu Yifan.....

"hyung ဘယ်... ဘယ်လိုလုပ်ဒီရောက်နေတာလဲ"

ပါးပြင်ပေါ်မှ လက်အား အလန့်တကြား ဖယ်ထုတ်ကာ Baekhyun ထမည်ပြုတော့ နှာခေါင်းအထက် အ၀တ်စတို့ဖြင့် ပိတ်ခံလိုက်ရသည်...
ထို့နောက် baekhyun ရုန်းရင်ဆန်ခတ်အနေအထားဖြင့် နေရာမှာတင် မေ့မျောသွားခဲ့သည်.....

Baekhyun ကို ပိုင်ဆိုင်ရပြီဆိုသော အသိနှင့် ရင်ထဲ အပျော်တို့က မြူးထူးခုန်ပေါက်နေတာကတော့ Wu Yifan ရယ်ပါ.....

Baekhyunနဖူးအထက် ၀ဲကျနေသော ဆံစလေးအား အသာ သပ်တင်ပေးကာ ဖယောင်းပမာနှုးညံ့လွန်းလှသည့် ဖြူဥဥမျက်နှာလေးအား အချိန်အတန်ကြာ ကြည့်လို့နေသေးသည်......

လေးငယ်.... (Completed) Tahanan ng mga kuwento. Tumuklas ngayon