အချိန်ကာလတစ်ခုရောက်ရင်
မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ် အကုန်လုံးက
အမေ့ခံလေးတွေ ဖြစ်သွားမှာ . . .
ရှင်သန်နေရင်းနဲ့ ထူးပြီးလည်း ဘာမှမဖြစ်ချင်
ဖြစ်ပြီးရင်လည်း ပြန်ပျက်မှာ
မမြဲတာတွေပဲ အမြဲဖြစ်နေတော့
အမြဲတမ်းဆိုတဲ့စကားလုံးတောင် သုံးရတာ မဝံ့မရဲ . . .ဒီလိုပဲ ဘဝမှာလည်း ငါအပါအဝင်
တစ်ဦးတစ်ယောက်ချင်းစီက ကြွေလွင့်သွားမှာ
တချို့ကတော့ ငါ့ကို ချန်ခဲ့
တချို့ကိုတော့ ငါက ချန်ခဲ့
ဒါလည်း ဘာမှမဆန်း...ငါ့ကို
ငါချစ်သလောက် မချစ်ပေးနိုင်ရင်တောင်
ငါ့ရဲ့ချစ်ခင်မှုကို အသိအမှတ်မပြုရင်
ငါဘယ်လောက်ချစ်ချစ် စွန့်လွှတ်ခဲ့မှာ'ပုဆိန်က မေ့လည်း သစ်ပင်က ဘယ်တော့မှမမေ့ဘူး'
အဲ့လိုပဲ ငါ့အပေါ် မကောင်းတဲ့သူတွေကိုလည်း
ခွင့်လွှတ်ချင် ခွင့်လွှတ်မယ် ခွင့်မလွှတ်ဖို့ များပေမယ့်
သေချာတာကတော့ ဘယ်တော့မှ မေ့မပစ်ပြီးတော့ ဒဏ်ရာရထားတွေ
ငါ့ဘူတာဆီ ဆိုက်ရောက်လာလိုက် ထွက်ခွာသွားလိုက်နဲ့ . . .
မျက်စိလည်ရောက်လာတတ်တဲ့
ပျော်ရွှင်မှုပူဖောင်းတွေလည်း ကြာကြာမခံ
အဲ့ဒါလည်း သူတို့အပြစ်မဟုတ်
တစ်ခဏတွေကို တစ်ဘဝစာထင်ခဲ့တဲ့ ကိုယ့်အပြစ်သက်သက်လက်ခံခဲ့ရတဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်မိသလို
မရခဲ့တဲ့ချစ်ခြင်းမေတ္တာတွေအတွက်လည်း ဘာမှနောင်တမရ
ဘယ်လိုအသက်ရှင်ရှင် အချိန်ကာလတစ်ခုရောက်ရင်
မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ် အကုန်လုံးက
အမေ့ခံလေးတွေပဲ ဖြစ်သွားမှာလေ . . .
YOU ARE READING
I laughed until i cried
Randomအချိန်ကာလတစ်ခုရောက်ရင် မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ် အကုန်လုံးက အမေ့ခံလေးတွေ ဖြစ်သွားမှာ . . .