အပိုင်း၂၀

1.1K 133 16
                                    

ဆေးတက္ကသိုလ်သည် မောင် ထင်သလောက်လဲ စိတ်ဝင်စားစရာမကောင်းခဲ့ပါ။ မောင်ဟာ ဆရာဝန်တစ်ယောက် အမှန်တကယ်ပင် မဖြစ်ချင်ခဲ့ပါ ၊ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒကြောင့်သာ ဒီနေရာတွင် ရှိနေခြင်း ၊
ထို တစ်စုံတစ်ယောက်သော သူရဲ့ စိတ်ဆန္ဒတစ်ခုတည်းကိုသာ နှစ် ၂၀ ကြာ လိုက်လျောနေမိခြင်း ။

"မောင် ဒီနားကို ခဏလာစမ်းပါအုံး "

မင်းရှင်းသန့် ဆိုသော ကောင်လေး ဒီတက္ကသိုလ် အကျယ်ကြီးမှာ တစ်ယောက်တည်းသော  မောင့်ရဲ့ သူငယ်ချင်း ၊ မောင်ဟာ အပေါင်းအသင်းမများပါဘူး မဟုတ်ဘူး မရှိဘူးဆိုရင် ပိုမှန်မည်၊ မောင့်ရဲ့ ပုံစံက တစ်သတ်မှတ်တည်းမဟုတ်၊ မောင်ဟာ ပတ်ဝန်းကျင်နဲ့အလိုက် ကွဲပြားလွန်းတဲ့ကောင်လေးအဖြစ် ပြောင်းလဲသွားခဲ့တာဟာ မောင့်ရဲ့ မေမေ သေဆုံးပြီးနောက်ကစ၍ ဖြစ်သည်။

"ဘာဖြစ်တာလဲ?"

အေးတိအေးစက်ဖြင့် ပြောလာသော မောင့်ကို ကြည့်ရင်း မင်းရှင်းသန့်တစ်ယောက် အသာအယာပင် ပြုံးလိုက်သည်။ ဒီလိုပုံစံဟာ မထူးဆန်းပါ။ ပထမနှစ်ဝက်တစ်လျှောက်လုံး စာသင်ခန်းထဲမှာ ဘယ်သူ့ကိုမှ အရေးမလုပ် အဖက်မလုပ် စကားမပြော အရယ်အပြုံးမရှိတဲ့ ဒီဖြူဖတ်ဖတ်နှင့် ဆံပင်ငွေမှင်ရောင်တွေကို စုစည်းထားတဲ့ နာမည်တစ်လုံးနဲ့ မောင်ဆိုသော ကောင်လေးကို မင်းရှင်းသန့်တစ်ယောက် သတိထား ရင်းနှီးနေခဲ့သည်မှာ ကြာခဲ့လေပြီ။

မောင်က ကျောင်းတွင် တွေ့ရသော ပုံစံနှင့် မောင်တို့ ပိုင်သော လဘ္ဘက်ရည်ဆိုင်တွင် တွေ့ရသော မောင်ဟာ ကွာခြားလွန်းပါသည်။ မောင် ဆိုသော နာမည်ကလွဲ၍ ဘာမှ မသိရသော ထိုအနှီကောင်လေးဟာ ကျောင်းက မိန်းကလေးတွေကြားမှာ အလွန်နာမည်ကြီးသည်။ သို့သော် မောင်က ဆေးတက္ကသိုလ်ရဲ့ King တစ်ယောက် မဟုတ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုရရင် မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် လူရွေးသော နေ့မှာ မောင်တစ်ယောက် မရှိနေခြင်းဟာ အလွန်ပင် နှမြောစရာ ကောင်းခဲ့သည်။ သို့သော် ပထမနှစ် King က အရမ်းရုပ်ဆိုးနေသူတော့ မဟုတ် ၊ ထို သူသည် သူကိုယ်တိုင်ပင် ဖြစ်ကြောင်း မင်းရှင်းသန့်တစ်ယောက် ကိုယ့်အတွေးနဲ့ကို ပြုံးရယ်ဖြစ်သည်။

||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||Donde viven las historias. Descúbrelo ahora