ဒီလို အခြေအနေမျိုး ဒီလို နေ့ရက်မျိုး ရောက်ဖို့အတွက် မောင်တစ်ယောက် ရင့်နင့်အောင် မျှော်လင့်ထားခဲ့ဖူးပါသည်။ ရှင်းမိုးစက်ခနှင့် ပြန်လည်တွေ့ဆုံရမည့် နေ့ရက်တိုင်းလိုလိုကိုး လက်ချိုးရေတွက်ခဲ့ဖူးပါသည်။
အဘယ်မှာ ရှိမှန်းမသိသော နတ်ဘုရားတွေကိုလဲ အကြိမ်ကြိမ် ဆုတောင်းခဲ့သလို ဥက္ခာခဲတွေကိုလဲ ဘုရားမှတ်ကာ ဆုတောင်းခဲ့ဖူးသည်။ သို့သော် အခုအခြေအနေမှာ အဘယ်ကြောင့် ထိုနေရာကနေ ရှောင်ထွက်လာခဲ့သလဲ မောင် မပြောတတ်ပါ၊ ခဏလေး ရှိနေလိုက်ရုံတင် ရှင်းမိုးစက်ခဟု အမည်ရသော ထိုအမျိုးသား၏ မျက်နှာအား ၇နှစ်အကြာတွင် ပြန်လည်ဖူးတွေ့နိုင်ပေမည်၊ သို့သော် သို့သော်လည်း မောင်ဟာ ရှင်းရဲ့မောင် မဟုတ်တော့သလို ရှင်းမိုးစက်ခဆိုသော အနှီအမျိုးသားမှာလည်း မောင့်ရဲ့ရှင်း ဖြစ်မလာနိုင်တော့ပါလေ။"မောင်!!! ငါ့ကိုစောင့်ပါအုံး ဟာ ဟေ့ရောင် စောင့်ပါအုံးဆိုနေ ကွာ"
မောင် ဆိုသော အသံကြားသည်နှင့် တစ်ပြိုင်နက် ရှင်းမိုးစက်ခ တစ်ယောက်အတွက် ရင်ဘတ်ကို စူးနဲ့ ပြေးစိုက်သလို နင့်ခနဲ နာသွားရသည်။ အသံလာရာကို တခဏအတွင်း လှည့်ကြည့်လိုက်တော့ ဆံပင်ငွေမှင်ရောင် လေးတစ်ချို့ကို စုချည်နှောင်ထားပြီး အဝေးကို ထွက်သွားသော ကျောပြင်ငယ်တစ်ချို့နှင့် အနောက်ကနေ အတင်းပြေးလိုက်သွားသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုဆံနွယ်ရှည်နဲ့ ကောင်လေးဟာ ရှင်းရဲ့မောင် ဖြစ်နေမလားဆိုတာ ရှင်းမိုးစက်ခ မသိနိုင်ပါ သို့သော် ဦးနှောက်မှ ဘာကိုမှ အဆုံးအဖြတ်မပေးမှီ ရှင်းမိုးစက်ခရဲ့ ခြေလှမ်းတွေက ထိုကောင်လေးနှစ်ယောက် အနောက်လို့ လိုက်နေမိသည်သာ ဖြစ်သည်။
ခပ်ဝေးဝေး မရောက်ပါစေနှင့်ဟုသာ ဆုတောင်းရင်း အပြေးလိုက်ခဲ့မိသည်။ အမှန်ပင် ခပ်ဝေးဝေးမရောက်ခဲ့ပါ ပထမနှစ် အဆောင်ရှေ့တွင် ထို ကောင်လေးနှစ်ယောက် ရှိနေခဲ့ပါသည်။
"မောင် ဘာဖြစ်လို့လဲ နေမကောင်းလို့လား ဒီလောက် အသည်းအသန် ပြေးထွက်သွားရအောင်"
"ငါ အိမ်ပြန်တော့မယ်"
အေးစက်စက် ငြိမ်လှသော အသံ ခပ်မတ်မတ်ကိုယ်ဟန် တောင့်တင်းသော ပခုံးပြင်ကျယ် မြင့်မားသောအရပ် ဖြင့် ထိုဆံနွယ်ဖြူ ကောင်လေးသည် ရှင်းမိုးစက်ခ ရင်းနှီးဖူးသော မောင် မဖြစ်နိုင်ပါ။ မောင်ဟာ ဘယ်သောအခါမှ ဆံပင်အရောင်ဆိုးလိုက်မည့်သူမဟုတ် ဆံပင်အရှည်ထားဖို့ဆိုတာ မဖြစ်နိုင်သော ကိစ္စတစ်ရပ်ပင် ဖြစ်လေသည်။ ပို၍ မဖြစ်နိုင်သည်မှာ အေးတိအေးစက် ပုံစံကြောင့်ပင် ဖြစ်သည်။ ရှင်းမိုးစက်ခ ရင်းနှီးဖူးသော မောင်သည် အေးစက်စက်မဟုတ် အနေအေးပေမယ့် ယခုလို မဟုတ် ၊ ၇နှစ်တာ အတောအတွင်း မောင် တစ်ယောက်ဟာ ယခုလို ပြောင်းနိုင်သွားနိုင်ပါသလား ရှင်းမိုးစက်ခ တစ်ယောက် အတွေးပလပွ ဖြစ်နေခဲ့သည်။

YOU ARE READING
||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||
General Fictionဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြင့် ပုံဖော်ထားခြင်းပင် ဖြစ်သည်။ မည်သည့်အပြင်မှ တစ်စုံတစ်ရာမှ အနှောင့်အယှက်မဖြစ်စေလိုပါ။ အကယ်၍ စာရေးသူ၏ အရေးအသားကြောင့် တစ်စုံတစ်ရာနှင့် တူညီသည်ဖြစ်စေ ထိခိုက်သည်ဖြစ်စေ စာရေးသူ၏ အမှားပင် ဖြစ်ပါသည်။ Zawgyi Version...