'ကောင်ဆိုးလေး'(ep1)

4.4K 239 8
                                    

Ep'1
Perthsaint

'P'​​ ​ရေခဲမုန့်​မစားချင်​ဘူးလား"

"​ဒါမှမဟုတ်​​ ​ကော်​ဖီ​သောက်​မှတ်​လား"

"​ကွေ့တီယိုစားမှာလား"

ကား​နောက်​ခန်းက​နေတဂျီဂျီနဲ့သူ'အင်း'မ​ဖြေမချင်း​မေး​နေတဲ့
Perthဆိုတဲ့ သူ့ရဲ့သူ​ဌေးသား​လေးက​တော့သူ့အ​ငေါက်
မခံမရချင်းငြိမ်​မယ့်​ပုံမ​ပေါ်ဘူး

"Perthမင်းဗိုက်​ဆာလို့လား"

"မဆာပါဘူး P'ဆာ​နေမှာဆိုးလို့"

"ငါက မဆာဘူးမို့လို့ ပါးစပ်​က​လေးပိတ်​ပြီး​အေး​အေး​ဆေး​ဆေး
လိုက်​ခဲ့​ Perth"

သူ​ပြောလိုက်​​တော့မျက်​နှာကစူပုတ်​လို့မျက်​နှာကိုတစ်​ဖတ်​လွဲသွား
တာကို Saintကား​နောက်​ကြည့်​မှန်​ထဲက​နေအကုန်​မြင်​​နေရသည်
ဒီ​ကောင်​​လေးသူ့ကိုဘယ်​​လောက်​ကြာကြာ​ကောက်​နိုင်​မှာမို့လဲ?
သူဒီ​ကောင်​​လေးကိုထိန်းလာတာ10နှစ်​​လောက်​ရှိ​တော့မည်
ဒီ​ကောင်​​လေးစိတ်​ကိုသူ​ကောင်း​ကောင်းသိတာ​ပေါ့

"Perth..."

ဒုန်းးး

အိမ်​​ရောက်​တာနဲ့ သူ့စကား​တောင်​ဆုံး​အောင်​နားမ​ထောင်​ပဲ
ကား​ပေါ်ကဆင်းသွားလိုက်​တာများ သူ့​ကျောပိုးအိတ်​​တောင်​သူသယ်
မသွားဘူး

"Perthအိတ်​ကဘာလို့ယူမသွားတာလဲ"

သူလှမ်း​အော်​​ပြော​တော့ ​ကောင်​ဆိုး​လေးက​ဘောက်​ဆတ်​ဆတ်​နဲ့
သူ့နားပြန်​​လျှောက်​လာရင်း

"အဲ့ဒါ ခင်​များလုပ်​ရမယ့်​အလုပ်​မဟုတ်​ဖူးလား သယ်​ခဲ့"

ကြည့်​ ကြည့်​ ​ပြောသွားတဲ့styleကိုက​ ​သောက်​က​လေး
လုပ်​မ​ပေးနိုင်​ဘူး အလုပ်​ကထွက်​မယ်​လို့ သူပြန်​​ပြောရင်​လဲ
မျက်​ရည်​နဲ့မျက်​ခွက်​ဖြစ်​အုန်းမယ်

"Perthအိမ်​မှာတစ်​​ယောက်​ထဲ​နေလို့ဖြစ်​တယ်​မို့လား"

ကျောင်းဝတ်​စုံကိုချွတ်​ဖို့ပြင်​​နေရင်းက​နေ ​ခေါင်းငြိမ်​ပြလာတယ်
သူ့ကိုတစ်​ချက်​​တောင်​လှည့်​မကြည့်​ဘူး

 'ကောင်ဆိုးလေး'Where stories live. Discover now