“ ကိုမင်းဆွေ…ရှင့်စကားကဘာအဓိပ္ပါယ်လဲ…
ကျွန်မတို့ဒီအခြေအနေထိရောက်အောင်ကြိုးစားလာ
ခဲ့ရပြီးမှ…ရှင်ကဘာကိစ္စနောက်ဆုတ်ချင်နေရတာလဲ…နောက်တစ်ပတ်လောက်ဆိုရင်…
ဦးမာန်ကျော်ပိုင်ဆိုင်သမျှအားလုံးကျွန်မတို့လက်ထဲ
ရောက်အောင်လုပ်နိုင်တော့မှာကို…
ဒီနေ့ကျမှနောက်ဆုတ်တော့မယ်လို့ပြောနေတာ
ဆိုတော့ရှင်တော်တော်ရူးနေလို့ပဲ…”ဒေါသတကြီးပြောနေတဲ့ဒေါ်မဒီခိုင်ရဲ့စကားတွေ
ကြောင့်ဦးမင်းဆွေဒေါသအလွန်ထွက်လာကာ“ အေး…ဟုတ်တယ်…ကိုယ်အရမ်းရူးနေလို့
နောက်ဆုတ်မယ်လို့ပြောနေတာ…အဲဒီလိုရူးရတာလဲမင်းရဲ့လောဘကိုဖြည့်ဆည်းပေးဖို့အတွက်…ဒီငါး
နှစ်လုံးလုံးတရားမဝင်တဲ့ဒုစရိုက်အလုပ်တွေမလုပ်
ချင်ပဲလုပ်နေရလို့ငါဘယ်လောက်ထိစိတ်ဆင်းရဲနေရတယ်ဆိုတာရောမင်းသိရဲ့လားမဒီ…
မင်းလိုချင်တဲ့ဥက္ကဌဆိုတဲ့ရာထူးရဖို့အတွက်ဒီတစ်လ
လုံးလုံးဦးမာန်ကျော်ရဲ့လုပ်ငန်းရှယ်ယာတွေကို
နည်းလမ်းပေါင်းစုံသုံးပြီးခိုးဝယ်နေရတာကိုရော
ငါတော်တော်ပျော်နေတယ်လို့မင်းထင်နေလား…
မင်းဆိုတဲ့မိန်းမကငွေရပေါက်သာမြင်မယ်ဆိုရင်…
ငါ့ကိုတောင်သေဟန်ဆောင်ခိုင်းခဲ့သေးတာပဲ…
မင်းကိုတကယ်ချစ်ခဲ့တဲ့ဦးမာန်ကျော်ကိုသတ်ပစ်ဖို့
ဆုံးဖြတ်ရဲတဲ့မင်းစိတ်ကိုငါမအံ့သြတော့ဘူး…ဒါပေမယ့်သားလေးမာယာအတွက်အခုလိုလုပ်နေရတာပါဆိုပြီး…ဒီငါးနှစ်လုံးလုံးပြောခဲ့တဲ့မင်းပါးစပ်က
ထွက်လာတဲ့စကားလုံးတွေကိုငါအရမ်းရွံမုန်းတယ်…
မင်းလုပ်သမျှအားလုံးကမင်းအတွက်ပဲဆိုတာ
ငါကောင်းကောင်းသိတယ်…မင်းဖြစ်ချင်တဲ့ဆန္ဒတွေသာပြည့်ရင်…ငါတို့သားအဖကိုတောင်ရှင်းပစ်ချင်နေ
တာ…ငါမသိဘူးများထင်နေတာလားမဒီခိုင်…သူ့စကားအဆုံးမှာတော့
“ တော်တော့…ရှင့်စကားတွေအရမ်းလွန်လာပြီ…ကျွန်မကဘာကိစ္စရှင်နဲ့သားလေးကိုရှင်းပစ်ရမှာလဲ…
ကျွန်မအခုလုပ်သမျှလုပ်ရပ်တွေအားလုံးက
ရှင်နဲ့သားလေးမာယာအတွက်ချည်းပဲ…ကိုမင်းဆွေ…
ဒီတစ်ပတ်လေးပဲခဏသည်းခံပြီးနေပေးပါ…အဲဒါပြီး
ရင်ကျွန်မတို့မိသားစုသုံးယောက်ချမ်းချမ်းသာသာနေ
ကြမယ်လေနော်…ကျွန်မရှင့်ကိုအကူအညီတောင်း
ထားတဲ့ကိစ္စကိုသာပြီးအောင်လုပ်ပေးပါ…ဒီတစ်ကြိမ်
ပဲ…ရှင်မကောင်းမှုကျူးလွန်ရမှာလေ…အဲဒါပြီးရင်…
ရှင့်ကိုရှင်ဘုရင်တစ်ပါးလိုကျွန်မနေ့တိုင်းပြုစုမှာပါ…
ကျွန်မကိုဒီတစ်ကြိမ်တော့ထပ်ကူညီပေးပါ
နော်ကိုကို…”