“ ဒေါ်မဒီခိုင်ရဲ့အရင်ယောကျာ်းကနယ်စပ်မှာ
တရားမဝင်ပစ္စည်းတင်သွင်းနေတဲ့မှောင်ခိုဂိုဏ်း
ခေါင်းဆောင်လုရီဆိုတဲ့လူပဲ…အဲဒီလူက
လွန်ခဲ့တဲ့ငါးနှစ်ကတည်းကမြစ်ထဲခုန်ချပြီးကိုယ့်ကိုကိုယ်အဆုံးစီရင်တဲ့ပုံစံလုပ်ပြီးနယ်စပ်မှာတရားမဝင်စီးပွားရေးတွေလုပ်ပြီးတော့ဇာတ်မြှပ်နေတာလေ…
အဓိကကြိုးကိုင်သူကတော့မင်းအရမ်းမုန်းနေတဲ့
ဒေါ်မဒီခိုင်ပဲ…အဲဒီအကြောင်းတွေကိုနယ်စပ်ကိုလွှတ်
ထားတဲ့ငါ့တပည့်တွေကဒီမနက်ပဲငါ့ဆီသတင်းပို့လာ
တာ…နေ…နောက်ထပ်ငါသိလာရတဲ့သတင်းတစ်ခု
ရှိသေးတယ်…အဲဒီသတင်းသာမင်းသိရင်အရမ်းကို
အံ့သြသွားလိမ့်မယ်…”နေမုန်းမာန်တစ်ယောက်သူ့ကိုပြောလိုက်တဲ့ရောင်နီရဲ့စကားကြောင့်
“ ငါတောင်အံ့သြရမယ်ဆိုတော့ဘယ်လိုသတင်းများလဲရောင်နီ…”
သူ့စကားအဆုံးမှာတော့
“ နေ…လွန်ခဲ့တဲ့ငါးနှစ်တုန်းကမင်းတာဝန်ယူခဲ့တဲ့ Diamond Whiteရဲ့အရင်ပိုင်ရှင်ကိုမင်း
မှတ်မိသေးလား…”သူ့ကိုပြန်မေးနေတဲ့ရောင်နီကြောင့်
“ အင်…သိတာပေါ့…အဲဒီလူနာမည်ကဦးမင်းဆွေ
လေ…သူ့ကိုကောင်းကောင်းမှတ်မိတယ်…လွန်ခဲ့တဲ့ငါးနှစ်…ငါ့အသက်နှစ်ဆယ့်သုံးနှစ်မပြည့်ခင်
တစ်ရက်…အဲဒီနေ့တုန်းကအဲ့လူငါတို့အိမ်တော်ကို
သူ့တစ်ယောက်တည်းရောက်လာတယ်…ငါ့အဖေကိုအကူအညီလာတောင်းတော့…သူအဆင်ပြေရ
အောင်ဆိုပြီးတော့ငါ့အဖေအဲဒီလူရဲ့ကုမ္ပဏီကို
လွှဲယူပေးခဲ့တာလေ…နောက်နေ့
ငါ့မွေးနေ့ရောက်တော့အဖေကငါ့ကိုမွေးနေ့
လက်ဆောင်အဖြစ်အဲဒီကုမ္ပဏီမှာငါ့ကိုCEO
ရာထူးပေးပြီးတော့…တစ်နှစ်အတွင်းကုမ္ပဏီကိုပြန်ပြီးတိုးတက်အောင်မြင်လာအောင်လုပ်ရမယ်လို့ပြောခဲ့လို့…မင်းနဲ့ငါ…အဲဒီကုမ္ပဏီတိုးတက်အောင်မြင်လာဖို့အတွက်နေ့မအိပ်ညမအိပ်ပဲအလုပ်ကြိုးစားခဲ့ရတာပဲမဟုတ်လား…ဒါနဲ့မင်းကငါ့ကိုဘာကိစ္စနဲ့
Diamond Whiteရဲ့အရင်ပိုင်ရှင်
အကြောင်းရုတ်တရက်မှတ်မိလားမေးရတာလဲ…
မဟုတ်မှလွဲရော…ဦးလုရီဆိုတဲ့သူနဲ့ဦးမင်းဆွေက
တစ်ယောက်တည်းများလား…”