“ ကဲ…မနက်စာအတွက်အားလုံးပြင်ဆင်ပြီးပြီ
ဆိုတော့…မာယာကိုကိုယ်တို့နဲ့အတူတူမနက်စာလာစားဖို့…မိုးလေးသွားခေါ်ပေးပါလား…ကိုယ်တို့မိသားစုစုံစုံညီညီနဲ့မနက်စာအတူစားချင်လို့…”ကိုမာန်ပြောလိုက်တဲ့စကားကြောင့်မိုးဦးညိုတစ်
ယောက်ကိုယ့်နားကိုပင်မယုံနိုင်အောင်ဖြစ်ရပေမယ့်
လဲဘာကြောင့်ယာယာအပေါ်ရုတ်တရက်သဘော
ထားကောင်းလာရတာလဲဆိုတာကိုပြန်မမေးရဲတဲ့
အတွက်ကြောင့်သာ“ ကိုမာန်…ယာယာကိုသားအခုသွားခေါ်
ပေးပါ့မယ်…”သူလည်းပြောပြီးတာနဲ့စားပွဲထိုင်ခုံကနေအထ
“ ပသခင်လေး…ဒုသခင်လေးကသူ့အမေအ
တင်းခေါ်လို့မနက်စာစားဖို့အတွက်လိုက်သွားရတဲ့
အတွက်…ပသခင်လေးအလုပ်မသွားခင်အမှီပြန်လာ
ပါ့မယ်လို့ကျွန်တော်မျိုးကိုလာရောက်ပြောခိုင်းတာပါ
ခင်ဗျာ…“နေမုန်းမာန်လည်းသူ့အိမ်တော်ကကိုယ်ရံတော်တစ်
ယောက်လာပြောတဲ့စကားကြောင့်သူ့ညီမာယာလေး
ရယ်၊သူ့နတ်သားလေးရယ်၊သူရယ်အတူတူပထမဆုံးမနက်စာစားချင်တဲ့သူ့စိတ်ကူးတွေပျက်သွားရလို့စိတ်
မကောင်းဖြစ်မိပေမယ့်လဲ“ ကောင်းပြီ…မင်းလုပ်စရာရှိတာသွားလုပ်လို့ရ
ပြီ…”သူပြောလိုက်ပြီးတာနဲ့ထိုကိုယ်ရံတော်လည်းသူ့ကိုအရိုအသေပေးကာထွက်သွားတော့မှ
“ ကလေး…ညီလေးမာယာလာမစားနိုင်မှတော့ကိုယ်တို့နှစ်ယောက်ပဲအတူတူစားကြတာပေါ့…”
မိုးဦးညိုတစ်ယောက်သူ့ကိုပြောရင်းထမင်းစားပွဲထိုင်
ခုံမှာဝင်ထိုင်ကာအလိုမကျတဲ့မျက်နှာနဲ့
မနက်စာစစားနေတဲ့ကိုမာန်ကိုကြည့်ကာသူလည်း
ထိုင်ခုံမှာပြန်ထိုင်လိုက်ရင်းမှ“ ဒီနေ့ကိုမာန်ကိုကြည့်ရတာတော်တော်ထူးဆန်း
နေသလိုပဲ…ငါ့ကိုစကားပြောတာအရင်နေ့တွေနဲ့
မတူဘူး…နောက်ပြီးယာယာကိုလည်းညီလေးမာယာ
လို့ခေါ်နေပါလား…ထူးတော့ထူးဆန်းတယ်…ဘာကို
ထူးဆန်းနေမှန်းကိုမသိဘူး…”