စကားလေးတစ်ခွန်းရှိသည်… … …
လောကကြီးထဲရှိ မမြင်ရသောအရာတစ်ချို့က မြင်ရသော
အရာတွေထက် အင်အားပိုကြီးမားနေတတ်ကြသည်တဲ့။
ဥပမာအနေနဲ့… လေထု…။
လေထုအပြင် ကျန်ဘယ်အရာတွေကရော အင်အား
ကြီးမားနေတတ်ကြမလဲ…။ခေါင်းထဲရောက်လာသောမေးခွန်းတစ်ခုကြောင့် သူ အောက်နှုတ်ခမ်းကို အလိုလိုကိုက်မိလျက်သားဖြစ်သွား
၏။ အခြေအနေတစ်ချို့တစ်လေက အသေအချာစဉ်း
စားကြည့်ကာမှ အဖြေကိုရေးရေးမျှပင် ရှာမတွေ့နိုင်
သော အနေအထားတွေရှိတတ်သည်။" နောက်ထပ် ဘာများရှိနိုင်ဦးမလဲ? "
မသိမသာတိုက်ခတ်သွားသော လေအရှိန်က သူ့ဆံပင်
တို့ကို ရှပ်ပြေးထိတွေ့သွား၏။ ယခုပင် လေနှင့်ပတ်သက်သော မေးခွန်းတစ်ခုကို စဉ်းစားနေ
ချိန်တွင် လေနှင့်ထိတွေ့လိုက်ရသည့်အတွက်…
ရယ်စရာမဟုတ်ပါဘဲ ကြံဖန်ရယ်လိုက်မိသည်။" အင်း…နောက်ထပ်…နောက်ထပ် "
" ဟေး!!!Park Chanyeol!!! "
ရုတ်တရက်ထွက်ပေါ်လာသော အော်ခေါ်သံက သူ့ညည်းတွားသံကို ရပ်ဆိုင်းသွားစေသည်သာမက
သူ့မျက်နှာကိုပါ အသံထွက်ပေါ်လာရာဘက်သို့
အလိုလိုရွေ့လျားသွားစေ၏…။အသံကိုကြားလိုက်ရသည့်အချိန်ကတည်းက အသံပိုင်ရှင်ကို သိနေရသည့်အတွက်… ထိုသူ့ကို
သူ လှည့်ကြည့်လိုက်ချိန်တွင် သူ့မျက်ခုံးတို့သည်လည်း
အလိုလိုကြုတ်လျက်သားဖြစ်နေသည်။" လာခဲ့တော့!!! အချိန်မရှိတော့ဘူးဟ!!! "
ပါးစပ်က အော်လည်းအော်…လက်ကိုလည်း တရစပ်
လှုပ်ရမ်းပြရင်း ထိုသူက…Chanyeolကို
အနားရောက်လာရန် အသည်းအသန်ကြိုးစားနေသည်။
ထိုသူ့အော်သံကြောင့် သူ့အတွေးတို့ ကပြောင်းကပြန်
ဖြစ်သွားသည်သာမက လက်ရှိသာယာနေသည့်
စိတ်အစဉ်ကိုပင် နောက်ကျိသွားစေသည့်အတွက်
သူ…ကျစ်သပ်လိုက်မိသည်အထိ ထိုသူ့ကို ရိုက်ချင်မိ
သွားသည်။အနားကိုမရောက်မခြင်း အော်ခေါ်နေမည့်ဟန်ပန်တွေ
ကိုလည်း ဖမ်းဆုပ်ရလိုက်မိသည့်အတွက်…
Chanyeol အမြန်ထရပ်လိုက်ရင်း… … …