The Gift

512 58 16
                                    


Zawgyi
"ကဲ အားလုံး အပင်ပန်းခံကြပါဦးနော်"

အဖွဲ့မှူးဖြစ်တဲ့ကျွန်တော်ParkChanyeolတစ်ယောက် အဖွဲ့သားတွေကိုအားပေးပြီးနောက် ကျွန်တော့်ရဲ့ ပျင်းရိစရာ လုပ်ငန်းတစ်နေ့တာကို စတင်ရပြန်တယ်
အလုပ်ဆိုတာကလည်း လုပ်လေ ရှုပ်လေပါပဲ
အပြိုင်အဆိုင်များပြီး အတိုးတက်လွန်နေတဲ့ခေတ်ကြီးမှာ လူတန်းစေ့နေနိုင်ဖို့ရာအတွက် ကြိုးစားရတာ တကယ်ကိုမလွယ်တာဗျ
အသက်လည်း၂၈နှစ်ရောက်နေပြီ
ပြည့်စုံတယ်တော့မဟုတ်ပေမယ့် လုံလောက်တဲ့ဘဝဖြစ်ဖို့အတွက် ကျွန်တော်လှမ်းခဲ့ရတဲ့ခြေလှမ်းတွေက နည်းမှမနည်းပဲ
အခုတော့ ကိုယ်ပိုင်တိုက်ခန်းလေးကို အရစ်ကျပေးဝယ်ရင်း ဆိုးလ်မှာ အခြေကျတာတောင် သုံးနှစ်ပြည့်ပြီ
ဘူချွန်းက အမေ့ဆီတော့ ပိတ်ရက်လေးတွေမှာပြန်ဖြစ်ပါတယ် ဒါပေမယ့်လည်း အလွမ်းပြေတဲ့အထိ တစ်ခါမှမနေဖြစ်ခဲ့ပါဘူး
ဒီလိုနဲ့ပဲ ငြီးငွေ့စရာ ကျွန်တော့်ဘဝကြီးက အတက်အကျမရှိ တည်ငြိမ်နေခဲ့ပါတယ်

တစ်နေ့အထိပေါ့....... ကျွန်တော့် လက်အောက်က အဖွဲ့ထဲကို ဝန်ထမ်းပေါက်စလေးတစ်ယောက် ရောက်မလာခင်လေ

"အားလုံးမင်္ဂလာပါခင်ဗျ
ByunBaekhyunလို့ခေါ်ပါတယ် ရှေ့လျှောက်ကူညီပေးကြပါဦး"

suitအပြည့်နဲ့ ခပ်အုံ့အုံ့လေးဝဲကျနေတဲ့ ဆံပင်လေးအောက်က မျက်ရစ်မပါတဲ့မျက်လုံးလေးတွေမှေးသွားတဲ့အထိ ပြုံးပြီးနှုတ်ဆက်နေတဲ့ Baekhyun..
ဝန်ထမ်းအချို့ရဲ့ အကြည့်တွေမှာသူက ဖော်ရွေပြီး သဘောကောင်းမည်ဟုထင်မှတ်နေကြပုံပင်

"Baekhyunကို ကူညီပေးလိုက်ကြပါဦးနော် တောင်းဆိုပါတယ်"

ဌာနမှူးကိုယ်တိုင်လာအပ်သောသူ့ကို အားလုံးက အထူးအဆန်းဝိုင်းကြည့်နေကြသည် employment ရှိသည်လည်းမကြားပါပဲနှင့်ကောက်ကာငင်ကာ ဌာနသို့ရောက်လာသော သူသည် ကျွန်တော် ParkChanyeolအတွက် ပထမဆုံးစိတ်ဝင်စားစရာ လူသားဖြစ်လာသည်
.......................................

Baekhyunအလုပ်ဝင်ပြီး 2လလောက်မှာပင် ဝန်ထမ်းများနှင့် အတော်အတန် ရင်းနှီးခဲ့သည်။ Singaporeမှာ ဘွဲ့လွန်ပြီးခဲ့သော သူသည်အရည်အချင်းရှိသည် လုပ်ရည်ကိုင်ရည် ကောင်းမွန်သေသပ်သည် ကြိုးစားသည် မသိတာရှိလျှင် ခရေစေ့တွင်းကျ မေးသည် သင်ပြလျှင်လည်း ချက်ချင်းနားလည်လွယ်သည် ဒီထက်လစာကောင်းတဲ့ ကုမ္ပဏီတွေကိုလျှောက်ပါက ခဏအတွင်းပင် ရာထူးကောင်းရနိုင်သည်လေ
တစ်ခါတစ်လေ Baekhyunကို ကျွန်တော် အမှတ်မထင် သတိထားရာမှ ဂရုတစိုက်သတိထားမိလာတတ်သည်
အလုပ်နဲ့ပတ်သက်ပြီးBaekhyunအကြံပေးလျှင် ဝေဖန်စရာပင်မရှိ နှစ်ခါပြန်မစဉ်းစားရ
ကျွန်တော်ကိုယ်တိုင်ကပဲ လိုတာထက်ပို၍အာရုံထားမိနေသလားပင်မသိ
နှစ်လဆိုသော အချိန်သည် သူ့အပြုအမူတိုင်းလိုလိုကို မှတ်မိသည်အထိ သူနှင့်ရင်းနှီးဖို့လုံလောက်နေသည်
သူစကားပြောပုံတွေ သူ့ရဲ့ သွက်လက်ပေမယ့် တစ်ခါတစ်ခါ ရှပ်ပြာနိုင်တာမျိုး အမှားလုပ်တိုင်း ကျွန်တော်ဆူသည့်အခါ မျက်နှာပိုးမသေပဲ လူကို ကပ်ဖားပြီးပြန်ချော့တာမျိုးတွေ အမျိုးမျိုးသော သူရဲ့ပင်ကိုယ်စရိုက်လေးတွေက ကိုယ်တိုင်မသိလိုက်ခင် ကျွန်တော့်ကို ပြုံးစေသည် တကယ်ဆိုလျှင် ကျွန်တော်တို့အသက်မတိမ်းမယိမ်းလောက်ပင်ဖြစ်သည် သို့သော် ဘာကြောင့် သူကိုကလေးတစ်ယောက်လို ချစ်ဖို့ကောင်းသည်ဟုတွေးမိမှန်းမသိ
ကျွန်တော် ဝန်ခံပါသည် ထိုကောင်လေးအပေါ်အမှန်ပင်စိတ်ဝင်စားမိသည်
တစ်ဖြည်းဖြည်း စိတ်ဝင်စားရာမှ သဘောကျမိလာသည် သို့သော် ကိုယ့်ခံစားချက်တွေကို အတည်ပြုဖို့ရာ အချိန်ယူလိုက်ပါဦးမည်
စိတ်ထင်၍လားပဲမသိ Baehyunသည်လည်း Chanyeolဆိုလျှင် အထက်လူကြီးဆိုတာထက် အကိုတစ်ယောက်လိုပင် ခင်တွယ်ပုံရသည် ပြောဆိုဆက်ဆံရသည်မှာ ရင်းရင်းနှီးနှီးပင် ပြီးတော့ စကားပြောလည်း သိပ်ကောင်းသည် စကားနိုင်လုရတာလည်း ဝါသနာပါသည့်ပုံပင်
 တစ်ခါက  Baekhyun အလုပ်တွေမပြီး၍ အိမ်သယ်သွားလျှင် Chanyeol က Baekhyun "လက်ဆောင်တွေ အများကြီးပါလားဆိုပြီး နောက်မိရာ
ထိုအခါ နှုတ်ခမ်းပါးနှင့်ကောင်လေးက လက်ဆောင်ဆိုတာ ပေးပေမယ့် လက်ခံချင်ဦးမှဗျ မလိုချင်ပဲရတဲ့အရာတွေက လက်ဆောင်မဟုတ်ဘူး ဝန်ထုပ်လို့ခေါ်တယ် Wuri အဖွဲ့မှူးရဲ့" ဆိုကာ ပြန်ပက်တတ်သေးသည်
Chanyeolအတွက်တော့ ထိုလူသား၏မွေးဖွားမှုသည် ဘုရားသခင်ထံမှပေးအပ်သော အမွန်မြတ်ဆုံးလက်ဆောင်ဟု သတ်မှတ်မိသည်အထိ ထိုကောင်လေးအား စွဲလမ်းမိနေပြီဖြစ်သည်
...................................

THE GIFTWhere stories live. Discover now