Chapter 36

7.5K 1K 63
                                    

လမုန့်​ပွဲ​တော်ကာလအတွင်းမို့ ​ဈေးလမ်းမကြီးတစ်​​လျှောက်​ လူစည်​ကား​နေပြီ။ ပွဲ​လမ်းသဘင်လည်ပတ်ဖို့ Luliနဲ့အိမ်​​ထောင်​ကျပြီးမှ ​​Chai Shilin စိတ်ပါလာတာ။ 

" နန်းတွင်းထဲမှာက အဆင့်​အတန်းခွဲခြားပြီး ကိုယ့်​အစုနဲ့ကိုယ်​ ပွဲ​တော်​ကျင်းပကြ​တော့ ငါတို့သတိမမူမိဘူး။ အ​ဆောင်​​တော်​တစ်​ခုနဲ့တစ်​ခုကလည်း အဆက်​အသွယ်​မရှိ။ ​နွေး​ထွေး​မှုလည်းမရှိတဲ့ ​တန်​ဖိုးကြီးလမုန့်​ကို မစားချင်ပါဘူး။ "

Ribo Lei လမ်းမှာ​တွေ့သမျှ မုန့်​ဆိုင်​တိုင်းဝင်​ပြီး နမူနာ​ကျွေးတဲ့မုန့်​​တွေကို အဝမြည်းစား​နေ​လေရဲ့။ သူ့မူလရည်​ရွယ်​ချက်​က Chai Shilinကို ​နှောင့်​ယှက်​ဖို့သက်​သက်​ ၊ သို့​ပေမယ့်​ အ​ရောင်​စုံလင်​ အရသာမျိုးစုံတဲ့လမုန့်​​တွေမြင်​ပြီးတဲ့​နောက်မှာ သူအာရုံ​ပြောင်းသွားခဲ့သည်။

" Shilin မင်းလည်းLuliအတွက်​ဝယ်​သွားလိုက်​​လေ။ သူက လမုန့်​ကြိုက်​တယ်​။"
" မင်းဘယ်​လိုသိလဲ။ "
" သူအရင်​တုန်းက နှစ်​နှစ်​ခြိုက်​ခြိုက်စားတာ မြင်​ဖူးလို့​ပေါ့။ "

Chai Shilin မျက်​ခုံးပင့်​လိုက်​ကာ ဒီတစ်​ချက်​ကိုမှတ်​ထားလိုက်​သည်။ ​ဆိုင်​တစ်​ဆိုင်​​ရှေ့​ရောက်​​တော့ အဘွားအိုတစ်​​ယောက်​က လမုန့်​အဝိုင်းကြီး​တွေကို ဗန်း​ပေါ်ချ​နေသည်။ အဆီဝင်း​ပြောင်​ကာ အသားထူတဲ့လမုန့်​ဆီက အပူ​ငွေ့​လေး​တောင်​ထွက်​​နေ​သေး။ ပဲနှစ်​ရနံ့က Ribo Leiနှာ​ခေါင်းထိပ်ကို လာ​ထိ​တွေ့သည်။ သူ့​ခြေ​ထောက်​​တွေကို ဆိုင်​ထဲဦးတည်​လိုက်​သည်။

" အ​မေကြီး ဒီလမုန့်​ကမြင်​တာနဲ့သွား​ရေကျချင်​စရာပါလား။ "
" မိသားစုလက်​ဆင်​ကမ်းလာတဲ့ နန်းလမုန့်​​လေ။ ​တစ်​ခါစားပြီးတာနဲ့ တစ်​သက်​မ​မေ့​စေရဘူး။ "

ကြောငြာချက်​ကလည်း​ကောင်းသလို လမုန့်​အပိုင်းကျိုးတစ်​ခုက Ribo Leiပါးစပ်​ထဲဝင်​သွားခဲ့ပြီ။ လည်​​ချောင်းထဲမှာ ပူ​နွေးဆင်းသွားတဲ့မုန့်​အရသာက နတ်​သုဒ္ဓာအလား။ Ribo Lei ​နောက်​ထပ်​အပိုင်းတစ်​ခုကို လက်​နဲ့ဖဲ့လိုက်​ပြီး Chai Shilin ပါးကိုလာတို့သည်။

My Rude Husband ( Zawgyi and Unicode )Opowieści tętniące życiem. Odkryj je teraz