သည်လိုနှင့် သောကပွေနေသောမွန်လေး တစ်ယောက်...
အိမ်အပြန်လာမှာ အကြောင်းစုံစဉ်းစားရင်း ရောဂါအခြေနေမှာ ပိုမိုဆိုးရွားလာပါတော့သည်။
မွန်လေးမွေးထားသောနွားလေးမှာ လည်း သေဆုံးခဲ့သည် မှာအချိန်အတန်ကြာ ....
သည်လိုနှင့်နေ့စဉ် ရက်အမျှခံစားရသော ဝေဒရာ ရောဂါဆိုးကြီးမှာ အခြေနေ ဆိုးဆိုးလာရာ ပင်ပန်းနွယ်နယ် လူသည်လည်း အရိုးသာသာရှိလေရာ....တစ်ခုသောမိုးရာသီ!
မိုးဖွဲလေးများ တစ်ပေါက်ပေါက်ကျစဉ် ညနေစောင်းအခါတော်တွင် ညမလေးရှိရာသို့သွားရန် အတွက်ပြင်ဆင်နေရင်းမှ .....
"ဗုန်းးးးး"
အရိုးသာသာရှိသော ကိုယ်ခန္ဓာမှာ ကြမ်းပြင်သို့ လဲကျသွားလေတော့သည်။ မည်သို့သောအရာမှ မွန်လေးအား ကယ်တင်ဖို့ရာမရှိ!
မွန်လေးခမျာ အသံများပင်မကြားရတော့
မျက်လုံးတစ်စုံမှာလည်း ပြာလဲ့လဲ့နှင့် ရည်ဝေဝေ ဘယ်အရာမှ မွန်လေးခမျာခံစာခွင့်မရတော့ပေ။ တစ်ကိုယ်လုံးသည် ထုံကျင်သွား၍ နောက်ဆုံးလူကင်းမဲ့စုံသို့ရောက်ရှိသွားလေတော့သည်။ဘဝသည်......
ဘယ်အရာမှတည်ငြိမ်မှု မရှိ... ခနတာအတောအတွင်းမှာပင် အရာရာဟာဖြစ်ပျက်သွားခဲ့သည်။ထို့နောက် ညီမဖြစ်သူရှင်းသန့်မှာ အစ်ကို မလာသည်ကို စောင့်ရင်းစောင့်ရင်း မိုးပေါက်လေးများ စဲသွားသည်။ များမကြာမီ ရှင်းသန့်သည် အစ်ကိုဖြစ်သူထံသွား လေရာ အိမ်ရှိ ကြမ်းပြင်ပေါ်သို့ လှည်းနေသော အစ်ကိုအား ရုတ်တရက်မြင်တွေ့လိုက်ရသောအခါ.......
"အစ်ကိုးးးးးးးအစ်ကို..........."
"ထပါအုံး အစ်ကို .... ကယ်ကြပါအုံးရှင့် သမီးအစ်ကိုလဲနေလို့ ကယ်ကြပါအုံးရှင့်"အော်မြည်ရင်းမှ အိမ်အနီးဝန်းကျင်မှ ရွာသားတစ်ချို့ရောက်လာကြပြီးဆေးခန်းသို့ အမြန်ပို့ပေးလိုက်ရတော့သည်။
ဆေးခန်းသို့မရောက်မီ လမ်းတစ်ဝက်အလိုတွင် ရွာသားများရိပ်မိကြသည်မှာ မွန်လေးအသက်မရှိတော့ပေ။ ညီမဖြစ်သူသည် မိခင်ကို ဆုံးရှုံးရသည်သာမက အစ်ကိုဖြစ်သူကိုပါ ထပ်၍ဆုံးရှုံးရသောကြောင့် ရင်ကွဲမတတ် အငိုကြီးငိုရလေတော့သည်။
ရက်အတန်ငယ်ကြာ၍ မွန်လေး အသုဘအား ရွာသူကြီးမှ အဆင်ပြေအောင် ကိစ္စအဝဝ ဆောင်ရွက်ပေးလေရာ.......
ရှင်းသန့်!
"တမလွန်မှာ အဆင်ပြေပါစေ ကိုလေး......................"