"ကလေးငယ်နှလုံးသားထဲ မင်းဟာ လူသတ်သမားတစ်ယောက်အဖြစ်
မှတ်ကျောက်တင်ခံလိုက်ရပြီထင်တယ်" တဲ့လေ.............သွားပြီ.....နှလုံးသားတစ်ခုလုံးကို သွေးစိမ်းရှင်ရှင်ဆွဲထုတ်လိုက်သလို အသက်ရှင်ဖို့ မျှော်လင့်ချက် တစ်စွန်းတစ်စတောင်မရှိတော့သလို............
မဖြစ်ဘူး.... ကလေးငယ်ရဲ့ အတွေးထဲ လူသတ်သမားအဖြစ်အထင်မခံနိုင်ဘူး.......
သူမှားခဲ့ပေမဲ့ Hyung မှ မသေပဲ..... ဒီတိုင်းကြီးတော့ ကလေးငယ်ကို သူနဲ့ အဝေးကို ထွက်သွားခွင့်မပေးနိုင်ပါဘူး.......
သူဘယ်လောက်ထိ သိပ်ချစ်လဲ ကလေးငယ်အသိပဲ........
လေးငယ်အတွက် ကလေးငယ်သာ ရှင်သန်ရာဆိုတာ ကလေးငယ်အသိပဲ........"ငါ့ပေါ့ဆမှုကြောင့် မှန်ပေမဲ့ ငါလူမသတ်ဘူး Wu Yifan.......
Hyung လည်း အသက်ရှင်နေသေးတာပဲ.....
တော်လောက်ရောပေါ့...... ၁၈နှစ်လုံးလုံး အပြစ်သားတစ်ယောက်နေလာခဲ့ရတာ.......
မင်းကလေးငယ်ကို သွားမပြောသင့်ဘူးကွာ""ကလေးကို ပိုင်ဆိုင်ရမလားဆိုတဲ့ အသိနဲ့ ငါလီဆယ်ပြီးပြောလိုက်မိတယ် Sehun...ငါပိုင်ဆိုင်ချင်လို့..... ကလေးမင်းကို မုန်းသွားပြီး ငါ့နားမှာတသက်လုံး ငါ့အပိုင်အဖြစ်သိမ်းဖို့..... ဒါပေမဲ့.... ဒါပေမဲ့ Sehun....
မင်းကို လူသတ်သမားအဖြစ်ပြောခဲ့တာတောင် မင်းကို သူချစ်တုန်းပဲကွ....
ငါရင်နာတယ် Sehun ငါ့အချစ်တွေကို လစ်လျုရှုခံရတဲ့ ဒီအကောင်
အသည်းတွေပျက်ကျသလို နာကျင်လွန်းလို့ ငါမခံစားနိုင်တော့ဘူး.......
ဒါကြောင့် မင်းနဲ့ ကလေး ငါရှေ့ပေါ်မလာပါနဲ့တော့ကွာ... မဟုတ်ဘူး.... ငါ.. ငါအဝေးကိုထွက်သွားတော့မယ်"အရုပ်ကြိုးပြတ်လို လှည့်ထွက်သွားတဲ့ Wu Yifan ဟာ ဦးနှောက်ဖောက်စားခံလိုက်ရတဲ့ Zombie တစ်ကောင်အလား....
ရှေ့တည့်တည့်မှ လာသည့် ကားပင်မရှောင်နိုင်လောက်အောင် အသိစိတ်ပျောက်လို့နေရဲ့.....
Sehun. Wu Yifan လက်အား ဆောင့်ဆွဲကာ ပါးပြင်အား သွေးစို့သည်အထိ အားပြင်းပြင်းတစ်ချက်ထိုးသည်......
"မင်းဒီလိုလုပ်လို့ ရရိုးလား......မင်းထွင်ခဲ့တဲ့ ပြဿနာ မင်းအဆုံးမသတ်ပေးပဲ ခေါင်းရှောင်သွားလို့ရရိုးလား.... ဟမ်...
ပြီးတော့ မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ ငါ့ကလေးငယ် ပျောက်နေတာလေ
မင်းက သွေးအေးအေးနဲ့ နေနိုင်တာလား.... မင်းအစအဆုံး ကလေးငယ်အထင်မလွဲအောင်ရှင်းပြပေးရမှာ.....ကလေးငယ်အပေါ် မင်းပြုခဲ့တဲ့အရာတွေကို ကလေးငယ်ဦးနှောက်ထဲ အမဲစက်တစ်ခုလို့ မရိုက်သွင်းခင် မင်းအရာရာဖြေရှင်းပေးရမှာ Wu Yifan"