His Heart

1.3K 104 13
                                    

》》》》》A/N

Please don't kill me after reading this desuu..⁽ƈ ͡ (ुŏ̥̥̥̥םŏ̥̥̥̥) ु

ဒါလေးဘယ်လိုနေလည်းအရင်ကြည့်ပြီးမှ နောက်တခြမ်းထပ်တင်ပေးမယ်နော် ကလေးတို့..
နောက်တစ်ခြမ်းက ရေးပြီးသားဆိုတော့ အရမ်းကြီးစောင့်စရာတော့ မလိုတော့ဘူးရယ် meow~( ノ^ω^)ノ゚

Thanks for support desuu!! |ω・)و ̑̑
Yuki Sempai~

》》》》》》》》》》
Random 19.6(complete ver:)

'..Haah..'

မှောင်ရိပ်ကျနေသော အခန်းကျယ်အတွင်းမှ ခပ်ဖွဖွအသက်ရှူသံလေးတစ်ခု..
မီးမှန်သမျှအကုန်ပိတ်ထားပြီး လရောင်သာ ဖြာကျနေတာကြောင့် အရာဝတ္ထုတို့ကို သဲကွဲစွာမမြင်ရပေမဲ့..
ပြတင်းပေါက်နှင့်အနီးဆုံးနေရာမှ ကုတင်အောက်တွင် ခပ်လျောလျော ထိုင်နေသော
အဖြူဖျော့ကောင်လေး တစ်ယောက်ကိုတော့ ဖျော့တော့စွာမြင်နေရသည်။

ပြီးတော့ ထိုကောင်လေး၏ ရှေ့မှ.. ရုတ်တရက်ဆို သတိမထားမိပေမဲ့.. ကြမ်းခင်းနေရာအနှံ့ ပြန့်ကျဲနေလေသော.. ဖြူလျောလျောတစ်ရှူးစများ.. ရှိနေကြသည်။

လှပလွန်းတယ်...
ထိုတစ်ရှူးစများပေါ် စွန်းထင်းလျက်ရှိသော နီဆွေးဆွေးသွေးစအချို့ကို ကြည့်ပြီး ခင်ဗျားတွေးမိမှာ..

'Cough* cough*'

ရှင်း ရင်ဘတ်အတွင်းမှ စူးအောင့်လာတာကြောင့် လက်နှင့်ဖိချေထားမိရင်း တစ်ရှူးနှင့်အုပ်ကာ ချောင်းတွေ အဆက်မပြတ်ဆိုးနေမိသည်။

'*cough*...'

နာတယ်.. အရမ်းပဲ..

ကိုင်ထားသော တစ်ရှူးစဖြူဖြူက အနီရောင်အဖြစ်သို့ချက်ချင်း ပြောင်းလဲသွားသည်။
နှုတ်ခမ်းမှသွေးစအချို့ကို နောက်တစ်ရှူးစတစ်ခုနှင့်သုတ်ဖယ်ရင်း ရှင်း ဖန်စတွေနဲ့ရှုပ်ပွနေသော ကြမ်းခင်းကိုသာ ငေးကြည့်နေမိသည်။

ချောင်းတွေအရမ်းဆိုးတာကြောင့် ယိုင်နဲ့ကာ လွတ်ကျသွားခဲ့သော ထိုဖန်ခွက်က အပိုင်းအစတွေ..
ဖန်ခွက်ထဲရှိနေခဲ့သော ရေတို့သည်လည်း နေရာအနှံ့ပြန့်နေလျက်..
ကြမ်းခင်းထက်မှ ဖန်ကွဲစတို့က ဟိုတစ်စသည်တစ်စနှင့်..လရောင်အောက်တွင်  ကောင်းကင်ထက်က ကြယ်မှုန်များလို တလက်လက်တောက်ပနေကြသည်။

Boku No Random BL(OC)[completed]Where stories live. Discover now