ဇာတ်လမ်းတစ်ခုရဲ့အစ က "YUFL" အချစ်တစ်ခုစတည်ရာ ကျွန်တော်အကို့ကိုစတွေ့ရာ..
"ကောင်းကင်!ကောင်း" !သား!ထတော့လေ ဒီနေ့ကျောင်းစတက်ရမယ်လေသား ထထ"
ဒေါ်ခင်လေးသားဖြစ်သူကောင်း"ခေါ်ကောင်းကင်ပြာအား လှုပ်၍နှိုးသော်လည်း မထလာ..
"ဒီကလေးကတော့ နောက်ကျတော့မှာပဲ ကောင်း"သားထတော့မဆိုးနဲ့ထထ "
ငါးမိနစ်လောက်ကြိုးစားပမ်းစား နှိုးပြီးနောက်ကောင်း"တယောက်မထချင်ထချင်ဖြင့်ထလာတော့သည်.
"အင်း...............မေမေ.ဘယ်နှစ်နာရီရှိပြီလဲဟင်?"
"7ခွဲနေပြီသားလေးရဲ့ထတော့နော်."
ဒေါ်ခင်လေးသားဖြစ်သူကောင်း"၏ပန်းနုရောင်ပါးဖောင်း"လေးအားအသာအယာဆွဲရင်းဖြေလိုက်သည်..
ဟင်း..ဒီနေ့က First day of the uniပဲငယ်ငယ်လေးထဲကတက္ကသိုလ် ဘဝကိုတကယ်ခံစားကြည့်ချင်ခဲ့တာ အခုလည်းမဖြစ်စဖူးအိပ်ယာထနောက်ကျပြီ ညကစိတ်အရမ်းလှုပ်ရှားနေလို့လေ..
စဉ်းစားခန်းဖွင့်နေတာ မေ တံခါးလာခေါက်မှပဲသတိဝင်တော့တယ်
"ကောင်း အအေးပတ်မယ်မြန်"ချိုးနော် မနက်စာကထမင်းဘူး ထဲပဲပေါင်းထည့်ထားတယ်နော် နောက်ကျနေမှာစိုးလို့"
"ဟုတ် မေ"
ကောင်း"တစ်ယောက် ပထမဆုံးနေ့မို့အပြင်အဆင်လွန်တာတစ်ကြောင်း ကားပိတ်တာတစ်ကြောင်း ထိုအကြောင်းတွေကြောင့် ကျောင်းရောက်တဲ့အချိန်က 9:30 ဖြစ်သွားသည်.
ကောင်း"တစ်ယောက်အဆူခံရမည်ဆိုး၍ကမန်းကတန်းပြေးကာအခန်းလိုက်ရှာရင်း
ဟောတွေ့ပြီငါရှာနေတဲ့အခန်းလေး
"ISH.104"(English Section(A))
အခန်းထဲသို့ဝင်မှပဲကောင်း"စိတ်သက်သာသွားသည် ပထမနေ့ဖြစ်၍ထင်သည် လူမှာသိပ်မစုံ ကွက်ကျားကွက်ကျားဖြင့် ဆရာမလည်းမဝင်သေး ...အခန်းအခြေအနေအားအကဲခတ်ပြီးသည်နှင့်
ကောင်း" လူတစ်ယောက်မှမရှိသောအတန်းထဲဝင်ထိုင် လိုက်သည် .ထို့နောက်Fbသုံးဖို့ဖုန်းဖွင့် ပြီးမှဘေလ်မရှိမှန်းသတိရမိသည်..
YOU ARE READING
BRO.
RomanceYUFLဆိုသောကျောင်းတော်ကြီးတွင်စတင်ခဲ့သောဇာတ်လမ်းတစ်ခု. Min Khant Hein ဟုတ်တယ်ကလေးကိုယ်သဘောကျတဲ့သူကအများကြီး မင်းသိတဲ့အဲ့အချက်ကမှန်တယ် ဒါပေမဲ့ ဘာလို့ ကိုယ့်နှလုံးသားထဲကအနက်ရှိုင်းဆုံး အမှန်တရားတစ်ခုကိုတော့မင်းဘာလို့မမြင်နိုင်တာလဲ? Kuang Kin Pyar Broကိ...