Page . 6

992 144 68
                                    

Zawgyi

တကယ်ပင် oh sehun တို့နာမည်ကြီးရှာ
သွားသည် …

ဗိုလ်ကြီးကို အထုပ်ပြသည်ဆိုသော ဂုဏ်ပုဒ်နှင့်…

နာမည်ကြီးလှသော သားတော်ကြောင့် မျက်နှာဘယ်ထားရမှန်းမသိ မနေသာတဲ့ ဗိုလ်မှူး
ကြီးခမျာ သူ့တပည့်ကိုတွေ့ရင် သူ့ခမျာ မျက်နှာ
ပူပူရယ် …

သားတော်အောင်ကို ခေါ်ဆူပြန်တော့လည်း
ယဉ်ကျေးလှသော သားတော်မောင်က …

'' သူလည်း သုံးလေးထပ်နဲ့ အထုတ်ခံထားရ
တော့ အပြင်ထွက်လမ်းသလားပြီး ဘုမဲ့သူ
ရှာချင်မှာပေါ့ ''

ဆိုကာ အော်ကြီးဟစ်ကျယ် ဖအေဖြစ်သူကို
ကတ်ကတ်လန် တစ်ခွန်းမကျန်ပြန်ပြောနေလို့
ရုံးခန်းထဲ သားအဖနှစ်ယောက် နပမ်းပွဲ ကျင်းပ
လိုက်ရသေး …

အနိုင်အရှုံးမရှိတဲ့ သားအဖနပမ်းသတ်ပွဲမှာ oh sehun တို့က ကိုယ့်ဘာသာ အနိုင်ပေးကာ
အောင်လံလွင့်ထူနေသေးသည် …

သိပ်မကြာ ရက်ပိုင်းလောက်ငြိမ်ကျသွားတဲ့ သူ့
သားရဲ့သတင်းကြားပြီး ဗိုလ်မှူးကြီးခမျာ သား
တော်မောင် နာမည်ကြီးတာကို ရှက်သွားတယ်
ထင်ပြီး နားအေးပါးအေး ဖြစ်နေလေသည် …

' Happy Birthday luhan '

ရုံးခန်းအပေါက်ဝကနေ ထွက်လာတဲ့ အသံသုံး
သံကို ကြားတာနဲ့ မော့ကြည့်စရာပင်မလို သူ့သူ
ငယ်ချင်းနှစ်ကောင်မှန်းသိလိုက်ပြီးသား …

' ကျေးဇူးပဲ '

' ဒါပဲလား တစ်ဝိုင်းတော့လုပ်ကွာ '

' တစ်ဝိုင်းလုပ်ဖို့ တစ်အိမ်လိုနေသေးတယ် '

' မင်းက ဖဲသမားလား kris '

တစ်ယောက်နဲ့ တစ်ယောက် စနောက်သံတွေနဲ့
အတူ အဆောင်ပြန်လာကြတဲ့ luhan တို့ရှေ့ တပ်သားလေးတစ်ယောက်ရောက်လာသည် …

လက်ထဲမှာလည်း ပါဆယ်ဘူးလေးဖြင့် …

' ဘာကိစ္စရှိလို့လဲ '

' ဗိုလ်ကြီး luhan အတွက် ပါဆယ်ရောက်လာ
လို့ လာပို့တာပါ '

' ကျေးဇူးပဲ တာဝန်ကျေပါတယ် '

' လေးစားပါတယ် ဗိုလ်ကြီး '

တပ်သားလေး ပြန်သွားပြီးတဲ့နောက်မှာတော့ ပွဲ
ပျက်ပြီးကျန်ခဲ့တဲ့ ဗိုလ်ကြီးသုံးယောက် …

မောင့်ပဒိုင်းပွင့် (မောင့် ပဒိုင်းပွင့် )Место, где живут истории. Откройте их для себя