🌋

981 95 18
                                    

ချွင်​...

ချွင်​...

မှောင်​မဲ​နေ​သောပတ်​ဝန်းကျင်​နှင့်​ဖုန်​ခိုး​တွေနဲ့​ဝေဝါး​နေ​သောပတ်​ဝန်းကျင်​ဖြစ်​သည်​..​ခေါင်းငိုက်စိုက်ကျ​​နေ​သောလူတ​​ယောက်ကို​သံကြိုး​တွေနှင့်​လက်​တဖက်​တချက်​စီကိုတွဲချိတ်​ထားကာဝဲဘက်​ရင်​အုံတည့်​တည့်​တွင်​​ငွေ​ရောင်​နှင့်​​ရွှေ​ရောင်​​ပေါင်းစပ်​ထား​သောဓားတ​ချောင်းလည်းစိုက်​ခံထားရသည်​..

ဗွမ်း...

ရေတပုံးနှင့်​ခပ်​ပြင်းပြင်း​အ​လောင်းခံလိုက်​ရပြီး​နောက်​​ချောင်းတဟွတ်​ဟွတ်​ဆိုးကာထိုလူမျက်​လုံးပွင့်​လာသည်​..

"Kim taehyung"

မျက်​စိ​ရှေ့၌ရပ်​​နေ​သောမိန်းမတဦးအားခပ်​ချဉ်​ချဉ်​ပြုံးကာ​အော်​ကလီဆန်​စွာစိုက်​ကြည့်​လိုက်​သည်​..

"ဟက်​...ဘာလဲ ငါ့ကိုဘဝထပ်​​ပြောင်းပြီးအ​ဝေးကိုထပ်​ပို့ဦးမလို့လား"

"သူ ဘယ်​မှာလဲ"

"......."

"ဘယ်​မှာလဲ!!!!!"

"အား!!"

ပြောရင်းနှင့်​ထိုမိန်းမကtaehyung ၏ရင်​ဘက်​၌စိုက်​ထား​သောဓားကိုလက်​ဖြင့်​​ထောက်​ကာအထဲသို့ပိုနက်​​အောင်​စိုက်​သွင်းလိုက်​သည်​..

"ထပ်​မနာချင်​ရင်​ ​ပြောပြလိုက်​ပါ မင်းလည်းသက်​သာတာ​ပေါ့"

"အဟားဟား SATAN ကို​တောင်​မင်းတို့သတ်​နိုင်​​သေးတာပဲ..ဒါကျ​တော့ဘာလို့မလုပ်​နိုင်​ကျတာလဲ"

ပါးစပ်​ထဲမှလျှံထွက်​လာ​သော​သွေးတို့ကို​ထွေးထုတ်​ပလိုက်​ကာခပ်​မဲ့မဲ့ပြုံးရင်းထိုမိန်းမ၏​မျက်​လုံးကို​သေချာစိုက်​ကြည့်​ကာ​ပြောလိုက်​သည်​..

"Well okay ​လေ မင်းကအဆုံးထိသစ္စာရှိ​နေမှ​တော့...ကဲ.. ​နောက်​ဆုံးအ​နေနှင့်​ဘာ​ပြောချင်​​သေးလဲ"

"F U C K...U"

ချွင်​..

"အားးး!!"

ပြောင်​လက်​​နေ​သောအမည်း​ရောင်​ဓားတ​ချောင်းကtaehyung ၏ဂုတ်​၌ရှိ​သောကြာပန်းပုံစံအမှတ်​သို့စိုက်​ဝင်​သွားသည်​နှင့်​အတူအပြာ​ရောင်​မီး​တောက်​များနှင့်​တကွtaehyung လည်း​ပျောက်​ကွယ်​သွားသည်..

"သခင်​....."

Well..Well..Well...new fic ​ပေါ့​နော်​..ဒီပုံစံ​လေး​ရေးချင်​တာ​ပေါ့​နော်​....Supernatural ​လေးလည်းနဲနဲ mystery ​လေးလည်းနဲနဲ အဲ့လို​လေး​ရေးမှာပါ..ရှုပ်​ရှုပ်​ရှက်​ရှက်​​တွေလည်းများမှာပါ​နော်​..matureပါမယ်​..ကြိုwarning တာပါ...ကြိုက်​ကြမယ်​လို့​မျှောင်​လင့်​ပါတယ်​..vote ​တွေ feedback ​လေး​တွေလည်း​မျှော်​လင့်​ပါတယ်​💜

Klinty💜


Scent and BloodWhere stories live. Discover now