အပိုင်း၂၂

1.4K 183 19
                                    

ညို့ခနဲဆိုသည်နဲ့ ရွာတတ်သော မိုးလေရာသီဥတုမိုးသည် ရန်ကုန်မှာသာ ရှိတတ်သည်လေလား မပြောတတ်သောလည်း ထိုရာသီဥတုကို ဘယ်သောအခါမှ နေသားမကျသော လူကလည်း သူပဲ ရှိတတ်သည်လားတော့ မပြောတတ်ပါချေ။
ဒီလိုရာသီဥတုတွင် အမြဲလိုလို ပင် လမ်းထိပ်တွင်ရှိသော ဘတ်စကတ်ဘောကွင်းတွင် သင်တန်းသားတွေနဲ့ အလုပ်ရှုပ်နေမည့် ကိုကို့ထံ သူသွားရပြန်အုံးပေမည်။

"ရှင်းရေ ဒီမှာ ထမင်းချိုင့်ပြင်ပေးထားတာ ကိုကို့ဆီ ယူသွားပေးပါအုံးကွယ် "

"ဟုတ်ကဲ့ပါ မေမေ ကျွန်တော် ဒီစာပိုဒ်ဖတ်ပြီးတာနဲ့ သွားလိုက်ပါ့မယ်"

သူ့စကားအဆုံးတွင် မေမေထံမှ မည်သည့်စကားမှ ပြန်မကြားရပေမယ့် အိမ်ခန်းရှေ့က ရုပ်မြင်သံကြားမှ ပြန်သံကြားရသည်။ နေ့လည် ၁၂နာရီအချိန်တွင် မြန်မာ့အသံမှ ထုတ်လွှင့်သည့် အစီအစဉ်တစ်ခုကို မေမေ ကြည့်နေပါလိမ့်မည်။ ဆွေးသာ ရှိရင်တော့ မေမေနှင့် အတူ လဘ္ဘက်သုပ် တစ်ပွဲကို ကုန်းလွေးကာ စကားစမြည် ပြောနေကြပါလိမ့်မည်။ သို့သော် မေမေဟာ ဘယ်သောအခါမှ သူနဲ့စကားစမည် မပြောတတ်ပါလေ။

မေမေပြင်ပေးထားသော ထမင်းချိုင့်ကို အသာဆွဲယူကာ ကိုကိုရှိရာသို့ ထီးတစ်ချောင်းကောက်ယူဆွဲကာ သွားဖြစ်သည်။
၁၅မိနစ်လောက် အကြာတွင် ရုံတစ်ခုလုံး ချွေးသံရဲရဲဖြင့် လေ့ကျင့်နေသော ကိုကို့သင်တန်းသားတစ်ချို့ရယ် အနားယူနေကြသော ကစားသမားတစ်ချို့ကို တွေ့ရသည်။ အနီးတစ်ဝိုက် ကို လှည့်ပတ်ကြည့်ရာ၌ မလှမ်းမဝေးတွင် တယ်လီဖုန်းတစ်လုံးဖြင့် အလုပ်ရူပ်နေသော ကိုကို့ကို တွေ့ရသည်။ လှမ်းခေါ်လိုက်နိုင်ပါသော်လည်း သူ့ကြောင့် ကိုကိုစကားပြောရပ်သွားရမည်ကို မလိုလားသောကြောင့် ကိုကို့လွယ်အိတ်ရှိရာ အနီးသာ လျှောက်သွားလိုက်ရပါသည်။

မျက်စိထောင့်ကနေ သူ့ကို လှမ်းမြင်လိုက်သည်နှင့် တူသည်။ကိုကိုသည် ခဏနော် ဟု လက်ပြသည်။ ခေါင်းအသာ ငြိမ့်ပြလိုက်ပြီး ကစားကွင်းတစ်လျှောက် မျက်စိအလုပ်ပေးနေဖြစ်သည်။ ဘတ်စကတ်ဘောကို မောင်တစ်ယောက် မကစားဖူးပါလေ။မောင့်ဘဝမှာ အားကစားကို စိတ်ဝင်စားဖူးတယ်ဆိုတာ မရှိပါ။သူ ဘတ်စကတ်ဘောဆော့ချိန်တွင် ဘေးနားတွင်သာ ရေတစ်ဗူးကိုင်ကာ မောင်စောင့်နေပေးဖူးပါသည်။

||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||Tempat cerita menjadi hidup. Temukan sekarang