"ကျွန်တော့်အနေနဲ့ ကျန်းဂိုဏ်းချုပ်ကို ကာကွယ်ပေးချင်တယ်။ စောင့်ရှောက်ပေးချင်တယ်။ ဝမ်းနည်းနေတဲ့အခါမှာ ထွေးပွေ့ပေးချင်တယ်။ ကျွန်တော် ခင်ဗျားနဲ့ အချိန်တိုင်း၊ နေ့ရက်တိုင်း အတူရှိချင်တယ်။"
ခန္ဓာထက်တွင် တင့်တယ်စွာ ဆင်မြန်းထားပါသော ဝတ်ရုံဖြူသည် လေအဝှေ့တွင် အရှင်သခင်၏ တုန်လှုပ်မှုနှင့်အတူ လှုပ်ခါနေသယောင်ထင်ရသည်။ ဇယ်ဝူကျွင်းမည်သော လူသားသည် ဘယ်သောအခါမှ တွေဝေခြင်းမရှိခဲ့။ လန်ဂိုဏ်း၏ ကျောက်စိမ်းညီနောင်နှစ်ဖော်သည် ကျော်ဇောမွေးပျံ့သော ဂုဏ်သတင်းအတိုင်းပင် အမှန်တရားအတွက် ဘယ်သောအခါမှ နောက်မတွန့်ခဲ့။ သို့သော်ငြားလည်း ယခုကတော့ မတူပြီ။
သူ့အား ကျောခိုင်းလျက် ရပ်နေသော ပိန်သွယ်သည့် ပုံရိပ်ငယ်သည် လရောင်အောက်မှ ယွင်မုန်ကျန်း၏ တန်ဖိုးကြီးအလှတရားကို ငြိမ်အေးစွာ ခံစားလျက်။ ခါးတွင် ချိတ်သော ခြူငယ်သည် လေအဝေ့တွင် မတိုးလွန်းသော်လည်း မကျယ်လွန်းသော အသံကို ပြုရှာသည်။
"အားချန် ကျွန်တော် ခင်ဗျားကို မြတ်နိုးမိနေပြီထင်ပါရဲ့"
သိမ်မွေ့စွာ ဝန်ခံမိသော အခိုက်တွင် တစ်စုံတစ်ယောက်က ပြက်ရယ်ပြုတော့မတတ် စောင်းငဲ့ကြည့်လာသည်။ နာကျင်ရပါသော နှလုံးသားကို အသံတိတ်ချော့မြှူရင်း ခံစားချက်မျိုးစုံ အစဉ်ရောပြွန်းနေခဲ့သော ဖတ်ရခက်သည့် မျက်နှာဖြူနုနုကို မြင်လွှာအတွင်း ဖမ်းဆုပ်ကာ အမြတ်တနိုး ငေးကြည့်မိသည်။ အံ့သြရိပ်တို့ ရှိမနေသော မျက်နှာထက်တွင် အေးခဲသော အရိပ်အယောင်များမှ တစ်ပါးအခြားမရှိခဲ့။ထိုသူသည် လန်ရှီချန်၏ ခံစားချက်တို့ကို အစကတည်းကပင် ရိပ်မိနေခဲ့ကြောင်း အတည်ပြုပေးလိုက်ချေပြီ။
လန်ရှီချန် ပြုံးပြမိသော်လည်း နှလုံးသည်းပွတ်က နာကျင်နေသည့်အတွက် မပီပြင်လိုက်။ အားချန်သည် အေးစက်သော မျက်နှာထား၏ နောက်ကွယ်တွင် ခံစားချက်တိုင်းကို ကွယ်ဝှက်ထားတတ်၍ စိတ်ရှုပ်ထွေးလေလေ၊ သူ၏မျက်နှာက ပို၍ အေးခဲလာလေလေပင်ဖြစ်သည်ကို လန်ရှီချန် နားလည်ထားသည်။
YOU ARE READING
မေတ္တာတရားဖြင့် လွှမ်းခြုံအပ်သော
Fanfiction"လန်ဂိုဏ်းချုပ်အနေနဲ့ ကျုပ်ကိုဘယ်လိုမျိုးထင်မြင်လို့ အခုလိုစကားမျိုးဆိုတယ်မသိပေမယ့် ကျုပ်အနေနဲ့ကတော့ လန်ဂိုဏ်းချုပ် စိတ်ကျေနပ်စေမယ့် စကားကို ဆိုဖြစ်တော့မယ်မထင်ပါဘူး။ ကျုပ်တို့က ခင်ဗျားရဲ့ညီတော် ဟန်ကွမ်ကျွင်းနဲ့ ဝေ့...