🧜♀️ရေသူမလေးကိုယ့်ချစ်သူ Part 17🧜♀️
Jennieနှင့် လီဆာတို့လည်းပန်းခြံမှပြန်လာခဲ့ကြပြီး" လီဆာ ဘယ်တွေသွားချင်သေးလဲ ကိုယ်လိုက်ပို့ပေမယ်လေ"
"ဟင့်အင်း လီဆာ့အနေနဲ့တော့ မသွားချင်တော့ပါဘူး nini သွားစရာရှိရင် သွားလေ "
"အာ.ဟုတ်ပြီ လီဆာ့ကို အဏ္ဏဝါပြတိုက် ကိုခေါ်သွားမယ် "
"အဏ္ဏဝါပြတိုက်!? "
🐳🐙🐡At Aquarium Museum🐬🐟🐠
ငါးပြတိုက်မှာ သူတို့၂ယောက်ငါးတွေလျှောက်ကြည့်ပြီး
ပျော်နေကြသည်။လင်းပိုင်လေးများ ဆီရောက်တော့
" လီဆာ ဟိုမှာ အာ့လင်းပိုင် လို့ခေါ်တယ် သူတို့က
အရမ်းချစ်ဖို့ကောင်းတယ် သိလား လူတွေနဲ့
အရမ်းခင်တတ်တာ""ဟုတ်လား Nini "
ထိုစဉ် လင်းပိုင်လေးက လီဆာ့ကို သိနေသည့်အလား
လီဆာ့နား တဝဲလည်လည်နှင့်"တွေ့လား လီဆာ ကိုယ်ပြောပါတယ်
သူတို့ကခင်တတ်တယ်လို့ ကိုယ်ကလာနေကြဆိုတော့
ကိုယ့်ကို သူတို့ကသိနေကြတာလေ ""ဟုတ်ပနော် Niniကိုအရမ်းခင်နေကြတာ ကြည့်ပါဦး "
ရုတ်တရက်လီဆာနှင့် ထိုငါးလေး မျက်လုံးချင်းဆုံသွားသည်။
ထိုစဉ် လီဆာ့ရင်ထဲ တစ်ခုခုကို နာကျင်စွာခံစားလိုက်ရသလိုဖြင့်
Appa ! Appa ခုဆို ဘယ်လိုဖြစ်နေမှာလဲ
နေရောကောင်းရဲ့လား"လီဆာ မျက်နှာလည်းမကောင်းပါလား
နေမကောင်းဘူးလား "" မဟုတ်ပါဘူး niniရဲ့ လီဆာနေကောင်းပါတယ်
ဒီတိုင်း လင်းပိုင်လေးက လှနေတော့ နစ်မြောသွားတာပါ"" သြော် ဟုတ်ပါပြီ လာကို့ယ်လက်ကိုတွဲထား ပြီးရင်
ရေဘဝဲ ပြတိုက်ဘက်က ဖြတ်လျှောက်ရမှာမို့ "" ဟုတ်"
ထုံးစံအတိုင်း နှစ်လိုဖွယ်အပြုံးလေးကို ပြုံးပြကာ Jennie၏လက်ကို တွဲထားပြီး ပြတိုက်ထဲ
ပတ်နေကြသည်။
YOU ARE READING
My Girlfriend is A Mermaid🧜♀️💗👧 (Jenlisa)
Hayran Kurguနင်တစ်ယောက်သာ ငါ့ရဲ့ ဝင်သက်ထွက်သက်ပါ လူသားပိစိလေးရယ်.. နင်တစ်ယောက်သာ ငါ့ရဲ့ ဝင်သက်ထွက်သက်ပါ လူသားပိစိလေးရယ်..