"မောင် ကိုယ့်ကို ကြည့်လှည့်ပါအုံးကွယ်"
ရင်ခွင်ထဲတွင်သာ ရှိုက်သံတစ်ချို့ပြုကာ မောင်သည် သူ့ကိုတော့ ကြည့်မလာပါ ၊ မောင်သည် အရင်တည်းကလည်း ငိုပြီးသည်နှင့် အိပ်ပျော်သွားတတ်သူသာ ယခုလဲ သေချာပါသည်လေ ဒီကောင်လေး မျက်တောင်စင်းနေပြီကိုး။
"မောင် ကိုယ် ဒီကို ချိန်းထားတာလေးရှိလို့လာတာ အခုပြန်ဆင်းရမှာ အောက်မှာ ညီမလေးတစ်ယောက်စောင့်နေတယ်"
သူ့စကားအဆုံးတွင်တော့ မောင်သည် အသာပင် ခေါင်းမော့လာခဲ့ပါသည်လေ၊ သို့သော် ငိုထားသောအရှိန်ကြောင့် မောင့်နှာခေါင်းထိပ်လေးတွေသည် ချစ်စဖွယ် နီရဲလျက်ရှိနေပြီး မျက်တောင်လေးတွေထက်တွင် ယခုထက်ထိ မျက်ရည်စက်လေးတစ်ချို့ ခိုအောင်းနေသည်ကိုး တွေ့ရသည်။ အော် ဒီကလေးနှယ့် အရင်ကလိုပဲ လူကို စိတ်ပူစေပြန်သည်။
"အခု ထွက်သွားတာနဲ့ ...နောက် ဘယ်တော့မှ ပြန်မလာခဲ့နဲ့တော့ "
တစ်လုံးစီချင်းကို အတိအကျပြောလာသော မောင့်စကားကြောင့် ရှင်းမိုးစက်ခ တစ်ယောက် ပြာယာခတ်သွားရပါတော့သည်။ မောင် စနောက်နေသည် မဟုတ်ကြောင်း အတိအကျသိပါသည်။ ထိုစကားကို ပြောပြီးသည်နှင့် မောင်သည် သူ့ရင်ခွင်ထဲသို့ ပြန်လည် တိုးဝင်လာခဲ့ပါသည်။
ပြသာနာကတော့ စပြီဖြစ်သည်၊ အောက်တွင် စောင့်နေသော ချာတိတ်ကိုလဲ ပစ်ထားလို့မဖြစ် ၊ မောင့်ကိုလည်း အဘယ်နည်းနဲ့မျှ သူမထားပစ်ခဲ့ရက်ပါ။ ရှင်းမိုးစက်စ တစ်ယောက် ခေါင်းမီးတောက်ရလေပြီ၊ ထို့ကြောင့် မတတ်နိုင် ဆွေးကို ဖုန်းခေါ်ဖို့ ပြင်ရတော့သည်။ မောင့်ကို ရင်ခွင်ထဲ ထည့်ထားရင်းနှင့်ပင် ဆိုဖာတွင် ထိုင်လိုက်သည့်တိုင် မောင်သည် သူ့အနားမှ မခွာပါ။
မတွေ့ရတဲ့ နှစ်တွေအတွင်းတွင် မောင်တစ်ယောက် ယခုလို ချွဲနွဲ့တတ်လာမည်ဟု သူမထင်ထားတာအမှန်၊
ဒီကလူက အရင်ထဲက ဒီကလေးအပေါ် စိတ်ကမရိုးသား ၊ ဒီတိုင်းသာ ဆက်နေရရင် ရှင်းမိုးစက်ခတစ်ယောက် သေချာပေါက် ရင်ခုန်လွန်း၍ ရူးသွားနိုင်မည်မှာ ရာခိုင်နှုန်းက အသေချာပင်။
မောင်ရေ မင်းကတော့ ကိုယ့်ကို ပြုစားလိုက်ပြန်ပြီကွယ်။
ČTEŠ
||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||
Beletrieဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြင့် ပုံဖော်ထားခြင်းပင် ဖြစ်သည်။ မည်သည့်အပြင်မှ တစ်စုံတစ်ရာမှ အနှောင့်အယှက်မဖြစ်စေလိုပါ။ အကယ်၍ စာရေးသူ၏ အရေးအသားကြောင့် တစ်စုံတစ်ရာနှင့် တူညီသည်ဖြစ်စေ ထိခိုက်သည်ဖြစ်စေ စာရေးသူ၏ အမှားပင် ဖြစ်ပါသည်။ Zawgyi Version...