《 Neon Light 》
______________________မိုးက အဆက်မပြတ်ရွာသည် ။
အချိန်အခါ မဟုတ်ရွာသွန်းခြင်း ဖြစ်၍
ထီးမပါသူက များ၏။ ဝတ်ထားသည့် ကျောင်းဝတ်စုံ
အနက်ရောင် ဘောင်းဘီအနားက စိုစိစိ ။ တိမ်မဲမဲတွေက
ရပ်ဦးမည် မဟုတ်သည့် မိုး အခြေအနေကို
ညွှန်ပြနေသည် ။" ဘယ် . . . ညာ . . . ဘယ် . . .ညာ "
ဘယ် ဘက်ကိုသွားရင် အိမ်ပြန်တဲ့လမ်း ။
ညာဘက် က ဘောလုံးကွင်း ။
ဘယ်အရပ်ကိုသွားရင်ကောင်းမလဲ တွေးဆရင်း
ဝေခွဲရခက်နေသည် ။ မိုးရွာနေတဲ့အချိန် ဘောလုံးကန်ရတာ
အကောင်းဆုံး မဟုတ်လား ? အခုလို အချိန်အခါမဟုတ်
ရွာတဲ့ အခါ လှိုက်တက်လာတဲ့ မြေသင်းနံ့က သူ့ကို
ဆွဲဆောင်နေတယ် ။" Gun . . . ! မသွားသေးဖူးလား ? "
အသင်းတာဝန်ကျတဲ့ Plan က အခန်းတံခါး ပိတ်ပီး
ထွက်လာပုံရတယ် ။ သူ့လက်ထဲမှာတော့ အဖြူရောင်
ဘောလုံး တစ်လုံး ။" အင်း.... မင်း ဘောသွားကန်မလို့လား ? "
" အေးလေ ..ဒီလောက် ကောင်းတဲ့
ရာသီဥတု မှာ အိမ်ပြန်အိပ်မလို့ စဉ်းစားနေတာလား ?"ဒါပေမယ့် သဘက်ခါဆို စာမေးပွဲလေ ! ?
စာတွေရနေပြီဆိုပေမယ့် . . . အိမ်လည်း
မပြန်ချင်သေးဖူး ။" အေး ...သွားမယ်ကွာ ! "
Plan နဲ့ တူတူ မိုးရေထဲ ပြေးထွက်ခဲ့လိုက်တယ် ။
ရေတွေထဲ ပြေးလွှားရတာ သိပ်သဘောကျဖို့
ကောင်းတာပဲ .... ။ မိုးစက်လေးတွေရေ ...ချစ်တယ် ။
Gun ဆိုတဲ့ ကောင်လေးဟာ သူ့ကို ပျော်ရွှင်စေတဲ့
မိုးစက်လေးတွေကို ချစ်ခဲ့တယ် ။
ဘောလုံးကွင်းကို သွားနေတဲ့ တစ်လျှောက်လုံး
Plan နဲ့ တူတူ လမ်းမှာ ကစားသွားကြတယ် ။
ရွံ့ဗွက်တွေ ဗရပွ နဲ့ မိုးရေတွေကိုလည်း ဂရုမစိုက်နိုင်
တော့ဖူး ။" High Kick ....!!!! "
အရမ်းဈာန်ဝင်သွားပုံရတဲ့ Plan က သူ့ကိုယ်သူ
လမ်းလေး ပေါ်မှာဆိုတာ မေ့သွားပီး အရှိန်ပြင်းပြင်း
ကန်လိုက်မိတယ် ။ ဘောလုံးဆိုသည်မှာလည်း
စိတ်လွတ်ကိုယ်လွတ်ကို ပျံတက် သွားလိုက်တာ
အထက်တန်း ကျောင်းသား တစ်ယောက်ရဲ့
ခေါင်းကို တည့်တည့်ပဲ ။
YOU ARE READING
《 NEON LIGHT 》
Fanfictionမင်းကလေ... လမ်းဘေးမှာ ထွန်းထားတဲ့ နီယွန်မီးတွေ အတိုင်းပဲ .... ။ အလင်းရောင်ရှိနေပေမယ့် ဝေကွဲအောင် မမြင်ရဖူး ။