လူ့ဘဝရဲ့ ပင်ပန်းဆင်းရဲ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်ချိန်တွေမှာဆိုရင် မိမိတို့ရဲ့ စိတ်ကို အနားပေးဖို့ နေရာကောင်းတစ်ခုတော့ လိုအပ်မှာပေါ့ ..... ကမ်းခြေတစ်ခုမှာ လမ်းလျှောက်ခြင်းက မတူညီတဲ့ခံစားချက်တစ်ခု သို့မဟုတ် ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ယူဆောင်လာပေးနိုင်တယ် .... ကမ်းခြေမှာ နေဝင်ချိန်ကို ထိုင်ကြည့်ရင်း ပင်လယ်လှိုင်းသံလေးကို နားထောင်ရတာတော့ သူ့အတွက် အကောင်းဆုံးပါပဲ ......
ဒါကတော့ byun baekhyun လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အတွေးတွေပါ .... baekhyun က ကမ်းခြေအနီးက cafe တစ်ခုမှ သီချင်းဆိုတဲ့ အချိန်ပိုင်းအလုပ်လေးတစ်ခု လုပ်တယ် .... သူ့ရဲ့ ကျန်တဲ့အချိန်တွေကိုတော့ ကမ်းခြေမှာ လမ်းလျှောက်ရင်းနဲ့ပဲ ကုန်ဆုံးဖြစ်တာပေါ့ ....
baekhyun အဲ့ cafe လေးမှာ အလုပ်လုပ်လာတာ ၂ နှစ်ရှိသွားပါပီ ... အဲ့ cafe လေးကတော့ သူ့သူငယ်ချင်းရဲ့အစ်ကို luhan ပိုင်တာပါ ....နေ့တိုင်း tao လာမခေါ်ခင်အချိန်ထိ baekhyun အဲ့ဆိုင်မှာ အချိန်ကုန်ဖြစ်ပါတယ် ....သြော် ဒါနဲ့ .... tao ဆိုတာ သူ့ရဲ့ ညီလေးပါ .... သူ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ဆိုလည်း မမှားပါဘူး ..... baekhyun ရဲ့ မိဘတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက car accident ဖြစ်ပီး ဆုံးသွားတာပါ .... baekhyun ဘယ်နှစ်တုန်းက ဖြစ်တယ်ဆိုတာတောင် အတိအကျ မမှတ်မိတော့ပါဘူး .... သူ အဲ့အကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း တစ်ခုခုပျောက်ဆုံးနေသလို သူခံစားနေရတယ် .....
ကမ်းခြေမှာ baekhyun တစ်ယောက် ပင်လယ်ပြင်ဘက်ကို မျက်နှာမူပီး ရပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်တယ် ..... အဲ့ကောင်လေး ဘာတွေလုပ်နေပါလိမ့်ဆိုပီး baekhyun တစ်ယောက် အံ့သြနေမိတယ် .... baekhyun အဲ့ကောင်လေးကို ဒီလိုတွေ့နေတာ သုံးကြိမ်တောင် ရှိသွားပီလေ .... အဲ့ဒါနဲ့ baekhyun လည် အဲ့ကောင်လေးကို လှမ်းမေးလိုက်တယ်...