sehun ဆီ baek ရောက်လာတုန်းက sehun အလွန်အံဩသွားမိတယ်။
မိမိရဲ့ကြော်ငြာကိုအကြောင်းပြပြီး yeol အကြောင်းလာမေးတာလို့ပဲ ထင်လိုက်မိပေမယ့်
အတော်ကြီးကိုမှားသွားခဲ့တယ်။
ထိုကောင်လေးကသူ့ကိုမသိဘူးလေ။
သူ့ဆီကိုလာရတဲ့အကြောင်းအရင်းကလဲ မဟုတ်ပြန်ဘူး။" ငါ့ရဲ့ baek လေးကအရမ်းသနားဖို့ကောင်းတာကွ .. အဖေကပစ်ထားခဲ့ပြီး အမေကမွေးပြီးပြီးချင်းဆုံးသွားတော့မိဘမဲ့ကျောင်းမှာပဲကြီးပြင်းခဲ့ရတာ "
yeol ပြောခဲ့တာကို ဥာဏ်ကောင်းတဲ့ sehun ကမမေ့ခဲ့ပါ။
ဒါဆို ဒီကောင်လေးဘာရည်ရွယ်ချက်နဲ့လာတာလဲ။baekhyun ဘက်ကစတင်လာတဲ့အနမ်းတွေကြောင့် sehun သိလိုက်ပြီ။
သူ့ရဲ့ boyfriend နေရာမှာတစ်ယောက်ယောက်ကို အစားထိုးချင်နေတာပဲ။ထိုနေ့က sehun မှားခဲ့တယ်။
baekhyun နဲ့အတူတူနေရခြင်းရည်ရွယ်ချက်က သူ့စိတ်ကိုသူသိချင်လို့ရယ် ..
luhan ရဲ့သဘောထားကိုစမ်းသပ်ကြည့်ချင်လို့ရယ် ..
ကျန်တာအကုန်မေ့သွားခဲ့တယ်။>>>>>
chanyeol .. Japan ကပြန်လာတဲ့နေ့
Airport မှာသွားမကြိုခင်...
sehun..luhan ကိုအကုန်ရှင်းပြခဲ့တယ်။
luhan ကပြုံးပြုံးလေးနဲ့နားထောင်ပြီး မျက်နှာပျက်နေတဲ့ sehun ကိုတစ်ချက်နမ်းပြီးမှ.." သူရောသိလား? "
ခပ်အေးအေးလေးပဲမေးလာတဲ့ luhan ရဲ့မေးခွန်းကို sehun လေးဖင့်စွာခေါင်းငြိမ့်လိုက်တယ်။
" ကိုယ်ပြောပြလိုက်တယ် "
" sehun! "
luhan ရဲ့ခပ်မြူးမြူးခေါ်သံကြောင့် sehun မော့ကြည့်မိတော့..
" သူကဆက်ဆံရင် ဘယ်လို style မျိုးနဲ့ဆက်ဆံလဲ "
" အင်း...နည်းနည်းကြမ်းတယ် "
" လေယဉ်ပျံချိန်နီးနေပြီမလား ... သွားတော့ "
" မဟုတ်မှလွဲရော.. babe ......? "
YOU ARE READING
Sex...y Love
Fanficညည်းသံတွေကြားထဲက အချစ်တစ်ခုဖြစ်ပေါ်လာမယ်လို့ ဘယ်သူကထင်မှာလဲ??? ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေပါမှာဖြစ်လို့ သဘောကျမှဖတ်ပါ...