ဝေလီဝေလင်းအချိန်ဖြစ်တာကြောင့် လမ်းမဟာ လူသွားလူလာရှင်းလို့နေသည်။ ရှီယန်းအိပ်ရာနိုးလာတော့ ရင်ခွင်ထဲရောက်နေသည့် မြောင်လန်က အသက်ရှုသံမှန်မှန်ဖြင့်အိပ်ပျော်နေဆဲပင်။
အလင်းရောင်သိပ်မရှိသည့်အခန်းထဲမှာတောင် ဝိုးတဝါးအလင်းလေးဖြင့်ပင် မြောင်လန်၏ပုံရိပ်က အစွမ်းကုန်လှလို့နေသည်။ အနွေးစောင်ကို မြောင်လန်တစ်ကိုယ်လုံး လုံခြုံသည်အထိဖုံးပေးလိုက်ပြီး သူပန်းဂေဟာကနေ ထွက်လာခဲ့သည်။
လမ်းမကိုရောက်သည့်နှင့် လျှိုကုန်းကုန်းက ချက်ချင်းထွက်လာသည်။
"မင်းသမီး"
"အထွေးအထူးရှိလို့လား"
"ဟုတ်ကဲ့ မနေ့က မင်းသမီးနောက်ကို နောက်ယောင်ခံလိုက်နေတဲ့သူ လေးငါးယောက်ကိုတွေ့တယ် သူတို့ကမင်းသမီးကို တစ်ခုခုလုပ်ချင်နေတဲ့ပုံပဲ ကျွန်တော်မျိုးစုံစမ်းကြည့်ရသလောက် ကင်အိမ်တော်ကလူတွေပါ"
"အိုး သူတို့ကလျင်မြန်သွားပဲ မြန်မြန်ဆန်ဆန် အနံ့ခံနိုင် ကြတယ် ကြည့်ရတာ ဂျီဟာနောက်ကို လိုက်နေတဲ့သူရှိတယ်ထင်တယ်"
"ကျွန်တော်မျိုးသတိထားမိလိုက်ပါမယ်"
"ထားလိုက်ပါ သူကဂျီဟာကို အန္တရာယ်ပေးမဲ့သူမှမဟုတ် တာ တစ်ခုပဲ ငါတို့နှစ်ယောက်ရှိနေချိန်တော့ သူ့ကိုဖယ်ရှားထားပေး"
"ဟုတ်ကဲ့ပါ မင်းသမီး"
ဆိပ်ကမ်း၏စံအိမ်တော်ကိုပြန်ရောက်တော့ အန်းကုန်းကုန်းတစ်ယောက် ကုန်ပစ္စည်းတွေနေရာချရင်း အလုပ်ရှုပ်နေ လေသည်။ လွန်ခဲ့သည့်နှစ်ရက်ထဲက သင်္ဘောတွေဆိုက်ကပ်ပြီး ကမ်းကပ်လိုက်ပြီဖြစ်သည်။ မကြာခင်နှင်းကျတော့မည်ဖြစ်၍ ခရီးသွားဖို့အဆင်မပြေတော့ လုပ်ငန်းတွေနားရပြီဖြစ်သည်။
"အန်းကုန်းကုန်း ဘယ်လိုလဲ ပစ္စည်းတွေအကုန်နေရာချပြီးပြီလား"
"ဟုတ်ကဲ့ မင်းသမီး ကုန်ပစ္စည်းတွေများလို့ ကျွန်တော်မျိုးတို့ ဂိုဒေါင်တွေနဲ့ပါ မလောက်ဘူးဖြစ်နေတယ် ဒီကာလက ကုနါတွေသိုလှောင်ကြတာဆိုတော့ တခြားဂိုဒေါင်တွေလဲ မအားလပ်ဘူး ကြည့်ရတာ ကျွန်တော်တို့တော်ဝင်မိသားစု ပိုင် ဂိုဒေါင်ငှါးဖို့ ထယ်ဂျွန်မင်းသားဆီသွားရလိမ့်ဦးမယ်"
YOU ARE READING
Queen From Sungkyunkwan (ဆောင်ကျန်ကွမ်၏ချစ်ပုံပြင်)
Historical FictionGxG lesbian fiction