6,
Unicode ;
"Kim Tae Hyung!!!!"
ထယ်ယောင်း အသံကြားရာဘက်သို့လှည့်ကြည့်လိုက်တော့သူတို့နှစ်ယောက်ကိုဒေါသမျက်ဝန်းနဲ့ကြည့်နေတဲ့သူရဲ့ယောကျ်ား ဂျွန်ဂျောင်ဂု။
ထယ်ယောင်းလည်းဂျီမင့်ကို အမြန်နှုတ်ဆက်ပြီး ဂျောင်ဂုဆီသို့ခြေလှမ်းခက်သွက်သွက်ဖြင့် လျှောက်သွားလိုက်သည်။
"ဟို ဂျောင်ဂုအစောကြီးပြန်ရောက်နေတာလား"
"ဘာလဲငါအစောကြီးပြန်ရောက်လို့မရဘူးလား အော်သိပြီ ငါအစောကြီးပြန်ရောက်လာတော့မင်းတို့အလွမ်းသယ်လို့မရတော့ဘူးပေါ့ ဟုတ်လား"
"ဂျောင်ဂု ဘာတွေပြောနေတာလဲ အဲ့တာJin Hyung သူငယ်ချင်း သူက Korea ပြန်ရောက်တာမကြာသေးဘူး အဲ့တာ Lotte worldသွားချင်တယ်ဆိုလို့ ကျနော်ကလိုက်ပို့ပေးတာ"
"ဘာဖြစ်တယ် Korea ရောက်တာမကြာသေးလို့ Lotte worldသွားချင်လို့ဟုတ်လား ဟား ဟား ဟား ဟား ဒီမှာ ဂျွန်ထယ်ယောင်း ကလေးကလား စကားတွေနဲ့ငါ့ကိုလာလိမ်ဖို့မစဉ်းစားနဲ့ ဒီအသက်အရွယ်နဲ့သူသွားချင်တယ်ဆိုလည်း သူ့ဘသာသွားလို့ရတယ် မင်းပြောသလို Korea ပြန်ရောက်တာမကြာသေးလို့မသွားတက်ဘူးဆိုရင်တော့ သူသူငယ်ချင်းရှိတာဘဲ မင်းနဲ့ဘာဆိုင်လဲ"
"ဂျောင်ဂု ငါတောင်းပန်ပါတယ်ကွာ မင်းထင်သလိုတွေမဟုတ်ဘူး"
" ရှူး တော်တော့ထယ် မင်းဆီကဖြေရှင်းတဲ့စကားတွေမကြားချင်တော့ဘူး ငါမင်းကိုပြောထားတယ်လေ ငါမပါဘဲအပြင်မထွက်ရဘူးလို့ ဒါပေမယ့် မင်းကငါ့စကားနားမထောင်ဘူး တစ်ယောက်ထဲအပြင်ထွက်ချင်တဲ့မင်းကို နောက်တစ်ခါမလုပ်ရဲအောင်အပြစ်ပေးရမယ်"
"မင်းအပစ်ပေးရအောင် ငါကမင်းရဲ့အပြစ်သားမဟုတ်ဘူး"
"ဟုတ်တယ် မင်းကအပြစ်သားမဟုတ်ဘူး ငါ့ယောက်ျား... ပြီးတော့မင်းကငါ့စကားကိုနားမထောင်ဘူး...အဲ့တော့မင်းရဲ့ယောက်ျား မင်းရဲ့အုပ်ထိန်းသူဖြစ်တဲ့ ကျနော် Jeon Jung Kook ကဆုံးမပေးရမယ်လေ မဟုတ်ဘူးလား "
"ဂျောင်ဂုမင်း....အွတ်"
ထယ်ယောင်းထပ်ပြောမည့်စကားများ ဂျောင်ဂု နှုတ်ခမ်းနဲ့ထိလိုက်ချိန်တွင်အကုန်ပျောက်ရှကုန်သည်။

YOU ARE READING
Stay With Me [Complete]
FanfictionKookV💜 Top ~ Jung Kook Bottom ~ Tae (လိုအပ်ချက်တွေအများကြီးနဲ့ficမလို့အဆင်မပြေရင်ဝင်မဖတ်ပါနဲ့နော်🥺) Start *1.12.2018* End *3.12.2019 *