တစ်စုံတစ်ရာကို ခိုင်မြဲအောင်တည်ဆောက်ရတာ အချိန်ဘယ်လောက်ယူခဲ့ရလဲ ကောင်းကောင်းမမှတ်မိတော့ဘူး
တစ်စုံတစ်ရာဟာ ဘာကြောင့်နာကျင်ခံစားခဲ့ရမှန်းလဲ
ကောင်းကောင်းမမှတ်မိတော့ဘူး
တစ်စုံတစ်ရာကိုလွတ်ချလိုက်ဖို့ ဘယ်ချိန်တည်းက
စတွေးမိခဲ့လဲ ကောင်းကောင်းမမှတ်မိတော့ဘူး
ဒီညတော့ ငါတို့ရဲ့ အရာရာကို လွတ်ချသင့်ပြီလို့
သက်ပြင်းတချက်ငါ ရှိုက်ခဲ့တယ်
ရောက်ရာအရပ်က ငါတို့တွေ ပျော်ရွှင်ငြိမ်းချမ်းပါစေ