Für Elise

4 0 0
                                    

Beethoven ရဲ့ für elise ကိုတော့ မသိတဲ့လူမရှိလောက်ဖူးထင်ပါတယ်
Für Eliseဆိုတာဂျာမန်လိုပါ
အင်္ဂလိပ်လိုပြန်ထားတာက For Elise တဲ့
Eliseအတွက် တဲ့
Ludwig Van Beethoven က April 27 1810ခုနှစ်မှာရေးခဲ့တာပါ
သီချင်းကိုနားထောင်ရင်း ဘာအဓိပ္ပါယ်လဲဆိုတာအရမ်းသိချင်လာတာနဲ့
နဲနဲပါးပါးမွှေနှောက်ရှာကြည့်မိတယ်
ကိုယ်ကပညာရှင်လည်းမဟုတ် ဘာမှလည်းမဟုတ်လို့ အမှားတွေလည်းရှိနိုင်ပါတယ်
ဘာသာပြန်တာမှားခဲ့ရင်လည်းကိုယ်တစ်ယောက်တည်းရဲ့အမှားပါ
သီချင်းကိုဖျက်ဆီးလိုစိတ်လုံးဝလုံးဝမရှိပါဘူး
ကဲ စကားရှည်နေတာနဲ့လိုရင်းကမရောက်တော့ဘူး
သီချင်းရဲ့နောက်ကြောင်းကိုရှာကြည့်တဲ့အခါမှာ
ဒီသီချင်းလေးက Therese Malfattiဆိုတဲ့ကောင်မလေးအတွက်ပါတဲ့
သူ့ရဲ့ nickname က Elise တဲ့
Beethoven ကအဲ့ကောင်မလေးကို
ကြိုက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တယ်
ကောင်းမလေးကငြင်းခဲ့ပါတယ်တဲ့
အဲ့တာကြောင့်သူကဒီသီချင်းကိုရေးခဲ့တာပါတဲ့

နောက်ထပ်ဇာတ်လမ်းတစ်ခုကကျ
Beethoven ကသူ့ရဲ့တပည့်မလေးကိုကြိုက်ခဲ့တာပါတဲ့
နာမည်ကတော့ Therese Malfattiပါဘဲ
Beethoven ဟာဒီသီချင်းကို Thereseကိုလက်ထပ်ခွင့်တောင်းဖို့ရေးခဲ့တာပါတဲ့
သူမတစ်ယောက်တည်းအတွက် သီးသန့်ရေးခဲ့တာပါ
ဒီမှာတော့ Für Elise ရဲ့အဓိပ္ပါယ်က For Therese လို့ပြောထားပါတယ်
သူ့တို့နှစ်ယောက်ဟာ လက်ထပ်ကြမလို့ပါတဲ့
ဒါပေမယ့် Therese ရဲ့အဖေကသဘော
မတူလို့ သူ့တို့ဝေးခဲ့ကြပါတယ်
Therese က 1816ခုနှစ်မှာ
Baron Von Drosdickဆိုတဲ့လူနဲ့
လက်ထပ်သွားခဲ့ပါတယ်
ဘယ်ဟာကအမှန်လဲတော့မသိပါဘူး
Beethovenကဒီသီချင်းကိုမထုတ်ဝေခဲ့ပါဘူး
သူသေပြီး နှစ် ၄၀ အကြာ 1867 ခုနှစ်မှာမှ ဂျာမာန်ဂီတပညာရှင် Ludwig Nhol ကရှာတွေ့ခဲ့ပြီး ထုတ်ဝေခဲ့တာပါ
ဒီသီချင်းလေးနားထောင်လိုက်ရင်ကို
စိတ်ထဲမှာလွမ်းလွမ်းဆွေးဆွေးလေးခံစားရတယ်
ကိုယ်ကိုယ်တိုင်ဘဲ
တစ်ခုခုကိုလက်လွှတ်လိုက်ရသလို
ရင်ထဲမှာဟာတာတာလေးကျန်ခဲ့တယ်
Beethoven ဟာသူ့ရင်ထဲမှာခံစားနေရတာကိုအကောင်းဆုံး
ထုတ်ဖော်ပြသနိုင်ခဲ့တယ်
လူတွေရဲ့ရင်ထဲရောက်အောင်ရေးနိုင်ခဲ့တယ်
အနုပညာရှင်တွေနဲ့သာမာန်လူတွေဟာ
အဲ့ဒီနေရာမှာကွာသွားတာဘဲ
အနုပညာရှင်တွေဟာသူတို့ရဲ့ခံစားချက်တွေကို
လှလှပလေးထုတ်ဖော်ပြသနိုင်တယ်
ပန်းချီတွေထဲမှာ သံစဉ်တွေထဲမှာ
အဲ့တာတွေဟာဘယ်တော့မှပျောက်ကွယ်မသွားဘူး
သူ့ဘဝတစ်လျှောက်လုံး elise တစ်ယောက်တည်းကို ချစ်ခဲ့တာဟုတ်ချင်မှလည်းဟုတ်မယ်
တခြားသူတွေလည်းရှိနိုင်တယ်
ဒါပေမယ့် အဲ့ဒီအချိန် အဲ့ဒီနေရာမှာသူခံစားခဲ့ရတဲ့ ခံစားချက်လေးကတော့
ဒီသံစဉ်လေးထဲမှာ အမြဲထာဝရရှိနေတယ်လေ
ဘယ်တော့မှပျောက်ပျက်မသွားဘူး

You've reached the end of published parts.

⏰ Last updated: Mar 04, 2019 ⏰

Add this story to your Library to get notified about new parts!

About the ArtWhere stories live. Discover now